ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး (Pfizer XBB1.5 Gray Cap COVID 19) ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး (Pfizer XBB1.5 Gray Cap COVID 19) ထိုးနှံပေး




ဒဂုံမြောက်၊ ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်‌ခရိုင်၊ ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၃၅) ရပ်ကွက်နှင့် (၃၇) ရပ်ကွက်တို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူများအား ၁၆-၆-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Pfizer XBB1.5 Gray Cap COVID 19) ထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက (Pfizer JN.1) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ထပ်ဆောင်းထိုးနှံကြမည့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့သည့်အပြင် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အမှတ် (၃၅) ရပ်ကွက်နှင့် (၃၇) ရပ်ကွက်တို့တွင် စုစုပေါင်း ၃၅၅ ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံ‌ပေးရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မြင့်မြင့်ရီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)