ကော့သောင်းမြို့တွင်(ပထမ)အကြိမ် မိုးကုတ်ဝိပဿနာ ပဋိစ္စသမုပ္ပါဒ် ဟောနည်းပြောနည်း သင်တန်းဆင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့တွင်(ပထမ)အကြိမ် မိုးကုတ်ဝိပဿနာ ပဋိစ္စသမုပ္ပါဒ် ဟောနည်းပြောနည်း သင်တန်းဆင်း




ကော့သောင်း  ၊ ဇွန်   ၃၀


တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့၊ပိတောက်ရွှေဝါရပ်ကွက် ရွှေဝါဝင်းဓမ္မရိပ်သာ ကျောင်းတိုက်တွင် ဇွန်၁၅ရက်မှ ၂၉ရက်အထိ ၁၅ ရက်တာ ဖွင့်လှစ်သည့်  ပထမအကြိမ် မိုးကုတ်ဝိပဿနာပဋိစ္စသမုပ္ပါဒ်ဟောနည်းပြောနည်း သင်တန်းဆင်းပွဲကို ဇွန် ၂၉ ရက် နံနက်ပိုင်းက ကျင်းပသည်။


အခမ်းအနားတွင် ရွှေဝါဝင်းကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက် တည်ခဲ့ကြသည်။ ယင်းနောက် ဆရာတော်သံဃာတော်ရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး  ပဋိစ္စသမုပ္ပါဒ်ဟောနည်းပြောနည်းပြိုင်ပွဲတွင် ဆုရရှိကြသော သံဃာတော်များအား ဂုဏ်ပြုဆုများချီးမြှင့်သည်။ ဆက်လက်၍ အမြို့မြို့အနယ်နယ်မှ ဆရာတော်၊ သံဃာတော်များ၊‌ သီလရှင်များနှင့် ကော့သောင်းမြို့ မိုးကုတ်ဝိပဿနာအဖွဲ့ခွဲမှ ယောဂီများအပါအဝင် စုစုပေါင်း သင်တန်းသား ၂၀ ကို သင်တန်းပြီးဆုံး‌ကြောင်းလက်မှတ်များပေးအပ်သည်။


ထို့နောက် ကော့သောင်းမြို့တွင် ပထမအကြိမ်  သင်တန်းအောင်မြင်စွာပြီးစီးမှုအတွက် သင်တန်းသား ဒါယကာ ဦးစိုး‌အောင်က ကျေးဇူးတင်ဝမ်း‌‌မြောက်စကားပြောကြားခဲ့ပြီး ပြင်ဦးလွင်မြို့ စိတ္တပါလဝိပဿနာကျောင်းမှ ပဋိစ္စသမုပ္ပါဒ် မိုးကုတ်ဝိပဿနာသင်တန်းမှူးဆရာတော် ဘဒ္ဒန္တဥတ္တမ (သာသနဓဇဓမ္မစရိယ)က တရားနာပရိသတ်တို့အား အနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ ‌အမျှပေးဝေခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)