ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်









ပဲခူး၊ ဇွန် ၁၀

ပဲခူးမြို့၊ ဥဿာမြို့သစ်(၅)ရပ်ကွက်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ အမျိုးသား၊ အမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၄၀၀×၄)ဗိုလ်လုပွဲယှဥ်ပြိုင်ကစားနေမှုအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများက ကြည့်ရှုအားပေးကြသည်။

ယင်းနောက် အမျိုးသားမီတာ(၈၀၀)ပြိုင်ပွဲနှင့် အမျိုးသမီးမီတာ(၈၀၀)ပြိုင်ပွဲတိုတွင် ပထမ၊ဒုတိယ၊တတိယဆုရရှိသူများ၊ အမျိုးသား၊အမျိုးသမီးမီတာ(၂၀၀)ပြိုင်ပွဲ၊ အမျိုးသား၊အမျိုးသမီးလှတံပစ်ပြိုင်ပွဲ၊ အမျိုးသား၊အမျိုးသမီးသုံးဆင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား၊အမျိုးသမီးမီတာ(၄၀၀)ပြိုင်၊ အမျိုးသား၊အမျိုးသမီးမီတာ(၁၀၀)ပြိုင်ပွဲ၊ အမျိုးသား၊အမျိုးသမီးမီတာ(၁၀၀×၄)ပြိုင်ပွဲ၊ အမျိုးသား၊အမျိုးသမီးမီတာ(၄၀၀×၄)ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့်အသင်းများအား ဆုတံဆိပ်နှင့်ငွေသားဆုများကို ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်များ၊ အစိုးရအဖွဲတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထိုနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အမျိုးသမီးတံခွန်စိုက် ပထမဆုရရှိသော ပြည်ခရိုင်အသင်းအား ဆုဖလားနှင့်ငွေသားဆု(၅)သိန်းကျပ်ကိုလည်းကောင်း၊ အမျိုးသားတံခွန်စိုက် ပထမဆုရရှိသော ​​ပြည်ခရိုင်အသင်းအား ဆုဖလားနှင့်ငွေသားဆု(၅)သိန်းကျပ်ကိုလည်းကောင်း၊ အမျိုးသား၊အမျိုးသမီး စုပေါင်းတံခွန်စိုက်ဆုရရှိသော ​ပြည်ခရိုင်အသင်းအား စုပေါင်းတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကျပ်(၁၀)သိန်းအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲအား ဇွန်လ(၉)ရက်နေ့မှ(၁၀)ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊တောင်ငူ၊ညောင်လေးပင်၊ ပြည်၊ သာယာဝတီ၊ နတ်တလင်း စသည့်ခရိုင်(၆)ခရိုင်အတွင်းရှိခအမျိုးသား၊အမျိုးသမီးအားကစားသမား (၁၀၂)ဦးပါဝင်ကာ မီတာ(၁၀၀/၂၀၀/၄၀၀/၈၀၀/ ၁၅၀၀(ကျား/မ)/၃၀၀၀(မ)/၅၀၀၀(ကျား)အပြေးပြိုင်ပွဲများ၊ တန်းမြင့်ခုန်၊ အလျားခုန်၊ သုံးဆင့်ခုန်အားကစားနည်းများ၊ သံလုံးပစ်၊ သံပြားဝိုင်းပစ်၊ လှံတံပစ်၊ မီတာ(၁၀၀×၄) လက်ဆင့်ကမ်း၊ မီတာ(၄၀၀×၄)လက်ဆင့်ကမ်း စသည့်အားကစားနည်းများ ပါဝင်ယှဥ်ပြိုင်ကစားခဲ့ကြကြောင်းသတင်းရရှိသည်။


တင်စိုး(ပဲခူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)