ပြည်၊ ဇွန် ၁၀
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများအဖွဲ့က ပြည်မြို့နယ်ဘန့်ပြင်ကျေးရွာအုပ်စုမှ ပြည်သူ များအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးခြင်းကို ဇွန်လ ၈ ရက်နေ့က ကွင်းဆင်း ဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်မြို့နယ်ဦးစီးမှူးဦးဇော်နိုင်သန်းက မိမိတို့ဌာနမှ ပန်းခင်းစီမံချက် (၃)ဖြင့် ကျေးရွာ အိမ်ထောင်စုဝင်များအတွက် အိမ်ထောင်စုလူဦးရေစာရင်း (၆၆)ပုံစံများနှင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများ၊ အသက်(၁၀)နှစ်ပြည့်ပြီးသူများနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဥပဒေနှင့်အညီထုတ်ပေးဆောင်ရွက်လျက်ရှိပြီး စီမံချက်ကာလအတွင်း နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများက အဆိုပါကျေးရွာအုပ်စု၊ ကျေးရွာခွဲ(၆)ရွာမှ ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းအပြီးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကိုဆက်
https://t.me/MyanmarNationalPost
No comments:
Post a Comment