တစ်ခါသေဖူး ပျဉ်ဖိုးနားလည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တစ်ခါသေဖူး ပျဉ်ဖိုးနားလည်


ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 ကနေ ရွေးကောက်ပွဲဆိုတဲ့ အသံက ကျယ်လောင်လာတာကို သတိပြုမိကြမယ် ထင်ပါတယ်။ ခေါင်းစဉ်မှာကိုက “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြတာကို တွေ့မြင်ရပါတယ်။ ဒီဖိုရမ်ကို တက်ရောက်လာသူတွေမှာလည်း အလွှာစုံ၊ အဖွဲ့အစည်းစုံပါဝင်လာပါတယ်။

သတိပြုမိကြလိမ့်မယ်လို့တော့ ယူဆပါတယ်။ ဒီဖိုရမ်မတိုင်မီ NLD နဲ့ NUG မသက်ဆိုင်ဘူးဆိုတဲ့ အသံတွေ ကြားလာရတယ်။ NUG အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်တွေကို မကြိုက်လို့ အကြမ်းဖက်လှုံ့ဆော်မှုမှာ မပါတဲ့သူတွေက အသံထုတ်တာမျိုးလည်း ဖြစ်နိုင်တယ်။ လက်ရှိ တရားဝင်မဟုတ်တော့တဲ့ NLD ပါတီ ဦးဆောင်သူများအပိုင်းမှာ အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ခဲ့သူတွေနဲ့ အကြမ်းမဖက်လမ်းစဉ်အတိုင်း ရပ်တည်နေသူဆိုပြီး နှစ်အုပ်စုတွေ့ရပါလိမ့်မယ်။ ဒီနှစ်အုပ်စုမှာ အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ခဲ့တဲ့ အုပ်စုက ကြီးထွားနေတဲ့အတွက် အကြမ်းဖက်လမ်းစဉ်အတိုင်း ရပ်တည်နေသူတွေမှာ ခေါင်းမဖော်ဝံ့ပါဘူး။ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူတွေက မလိုလားအပ်တဲ့ လုပ်ရပ်တွေ လုပ်လာတော့မှသာ အသံနည်းနည်းလောက် ထွက်လာတာမျိုး ရှိပါတယ်။ ပြည်ပြေး ဝရမ်းပြေး အုပ်စုကတော့ NLD ပါတီရဲ့ ဝါဒဖြန့်ပလက်ဖောင်းအားလုံးကို သိမ်းပိုက်ထားတဲ့အခါကြတော့ အခြားသူတွေရဲ့ သဘောထား ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကြေညာချက်တွေ၊ ထုတ်ပြန်ချက်တွေ ထုတ်နေတာမျိုးကို တွေ့ရမှာ ဖြစ်ပါတယ်။

အကြမ်းဖက်လှုံ့ဆော်ခြင်း မရှိဘဲ ရပ်တည်နေသူတွေကိုလည်း မေးခွန်းထုတ်စရာတော့ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းစဉ်က အကြမ်းဖက်မဖက်လမ်းစဉ်ဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအတိုင်းပဲ ရပ်တည်တယ်ဆိုရင် ဒီကာလမှာ အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချကန့်ကွက်ကြောင်း ထုတ်ပြန်ချက် တစ်စောင်လောက်တောင် ထုတ်ပြန်ခြင်းမျိုးမရှိတာက ရိုးသားရဲ့လားပေါ့။ သဘောက NUG အကြမ်းဖက်အဖွဲ့က သူတို့လေလှိုင်းပေါ်မှာ ဝါဒဖြန့်နေသလို NUG အနိုင်ရရင် NUG နဲ့ ပြန်ပေါင်းမယ်။ NUG ခွေးဖြစ်ခဲ့ရင် နစကနဲ့ ပေါင်းမယ်ဆိုတဲ့ သဘောမျိုးနဲ့ စည်းရိုးခွထိုင်ထားတာလားပေါ့။ ဒါက သဘောအားဖြင့် မေးခွန်းထုတ်ခြင်းမျိုးပါပဲ။ နိုင်ငံရေးသမားဆိုတာက ပါးနပ်တယ်။ ပြည်သူလူထုက ဒီလိုတွေးဆနိုင်တယ်။ ဒီမေးခွန်းရဲ့ အဖြေကို စဉ်းစားထားဖို့ပါပဲ။

ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀)ပြည့် မွေးနေ့မတိုင်မီမှာ တရားခွင် CCTV မှတ်တမ်း ပြည်ပမီဒီယာတွေကနေ ဖော်ပြလာတာ ရှိတယ်။ တရားခွင်မှာ ထွက်ဆိုခဲ့တဲ့ ထွက်ဆိုချက်တွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့တယ်။ NLD အာဏာလက်မဲ့ဖြစ်ပြီးနောက် ပေါ်ပေါက်လာတဲ့ NUG, CRPH, PDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေအပေါ်မှာ အားလုံးထင်ကြေးပေးခဲ့ကြတာက မဲလိမ်မဲခိုးပြီး အာဏာသက်ဆိုးရှည်အောင် လုပ်မယ်။ တပ်မတော်က ဝင်ပါလာခဲ့သော် လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်နဲ့ တုန့်ပြန်မယ်ဆိုတာမျိုးကို ကြိုတင် စီမံထားတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။ တရားခွင်မှာ ဒေါ်စုထွက်ဆိုထားတာတွေကို ပြန်ကြည့်တဲ့အခါမှာတော့လည်း ရဲအရာရှိတစ်ဦးက (NUG အဖွဲ့က ဦးဝင်းမြင့်ကို ယာယီသမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်ကို ယာယီ နိုင်ငံတော်အတိုင်ပင်ခံ ခန့်ထားတာ သိသလား) ဆိုတော့ ဒေါ်စု က "NUG  ဆိုတာ ဘာလဲ" လို့ ပြန်ပြီး မေးခွန်းထုတ်ခဲ့တယ်။ ရဲအရာရှိက (CRPH က ဖွဲ့ထားတဲ့ အဖွဲ့) လို့ ဆိုပြန်တော့လည်း ဒေါ်စုက (CRPH ဆိုတာ ဘာလဲ) လို့ မေးပြန်တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ စုဖွဲ့ထားတဲ့ အဖွဲ့ဆိုတော့ ဒေါ်စု က (ဘယ်သူတွေ ပါလဲ) လို့ မေးပြန်တယ်။ ဒီထွက်ဆိုချက်တွေက ရိုးသားရဲ့လား စဉ်းစားစရာ ရှိပါတယ်။

NUG, CRPH, PDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေက ဒေါ်စုနဲ့ ဦးဝင်းမြင့်ကို ရုံးထုတ်နေစဉ်မှာကတည်းက အကြမ်းဖက်လုပ်ရပ်တွေ ဆိုးရွားစွာ လုပ်ဆောင်နေတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ ဒေါ်စုနဲ့ ဦးဝင်းမြင့်ရဲ့ အကျိုးဆောင်ရှေ့နေတွေက NLD ဦးဆောင်သူတွေ ဖွဲ့စည်းလုပ်ဆောင်နေတဲ့ အခြေအနေကို ဒေါ်စုသိအောင် ပြောလိမ့်မယ်လို့ ယူဆရပါတယ်။ နောက်တစ်ချက်က သတင်းစာတွေမှာလည်း NUG, CRPH, PDF အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေကို စဉ်ဆက်မပြတ် ဖော်ပြနေတာ ဖြစ်တဲ့အတွက် ဒေါ်စု မသိဘူးဆိုတာကတော့ ဟန်ဆောင်လိမ်ညာခြင်းမျိုးပဲ ဖြစ်ပါတယ်။ တရားခွင် ထွက်ဆိုချက်မှတ်တမ်းများမှာ ဒေါ်စုအနေနဲ့ ဒီအဖွဲ့တွေအကြောင်း သိရပြီဆိုတဲ့အချိန်မှာ အကြမ်းဖက်လှုပ်ရှားမှုကို အားမပေးဘူးလို့ တစ်ခွန်းတပါဒမျှ ထည့်မပြောတာကလည်း အကြမ်းဖက်လှုပ်ရှားမှုကို မသိကျိုးကျွန်ပြုပေးထားတဲ့ သဘောမျိုး မှတ်ယူနိုင်ပါတယ်။

ဆက်စပ်စဉ်းစားကြည့်ရင်တော့ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူတွေရဲ့ မရိုးသားတဲ့ လုပ်ရပ်က ကွက်ကွက်ကွင်းကွင်း သိသာထင်ရှားပေမယ့် အကြမ်းမဖက်လမ်းစဉ်အတိုင်း ရပ်တည်ပါတယ်ဆိုတဲ့သူတွေက မေးခွန်းထုတ်စရာဖြစ်နေတာတော့ အမှန်ပါပဲ။ ၂၀၁၆ - ၂၀၂၀ လွှတ်တော်တွင်းမှာ ခပ်ကြွားကြွားလုပ်ခဲ့တဲ့ ကိုယ်စားလှယ်တချို့ ကိုယ်ယောင်ဖျောက်နေတာကိုလည်း သတိပြုမိကြမယ်ထင်ပါတယ်။ အဲဒီလူတွေက နိုင်ငံရေးပါဝတယ်လို့ ဆိုနိုင်တယ်။ ၂၀၁၀ မှာ NLD က ပါတီမှတ်ပုံမတင်တော့ NLD ကနေ ခွဲထွက်ခဲ့တဲ့ ပါတီတွေကနေ ရွေးကောက်ပွဲဝင်ခဲ့တယ်။ ၂၀၁၂ နောက်ပိုင်း NLD က ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်လာတဲ့အခါ အဲဒီလူတွေက NLD ကို ပြန်ရောက်သွားပြီး ၂၀၁၅ မှာ NLD ရဲ့ ကိုယ်စားလှယ်တွေ ပြန်ဖြစ်သွားကြပြန်ရော။ ပြည်သူလူထုအကျိုးကို သယ်ပိုးလိုခြင်းထက် ဘယ်ပါတီအဖွဲ့အစည်းက နေရာရနိုင်မလဲဆိုတာကို တွက်ဆပြီး ကစားနေတဲ့ နိုင်ငံရေးစားဖားတွေလို့ ပြောရင်လည်း မမှားပါဘူး။ လာမယ့် ရွေးကောက်ပွဲမှာ အဲဒီစားဖားတွေ ဘယ်ပါတီကနေ တာထွက်လာမလဲစောင့်ကြည့်ဖို့တော့ လိုပါတယ်။

ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 မှာ NLD ပါတီကနေ ခွဲထွက်ခဲ့ကြတဲ့ ဒေါ်သက်သက်ခိုင်၊ ဒေါ်ညိုညိုသင်း၊ ဒေါ်စန္ဒာမင်း တို့ကို တွေ့လာရတယ်။ ဒေါ်သက်သက်ခိုင် ကတော့ နစကအစိုးရလက်ထက်မှာ ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့ဖူးတာဖြစ်လို့ တပ်မတော်ရဲ့ သဘောထားအမှန်ကိုလည်း သိတယ်။ တပ်မတော်ရဲ့ အကောင်း၊ အဆိုးကို ထိန်းကျောင်းသွားမယ့် သဘောထားမျိုး ရှိပါတယ်။ ဒေါ်ညိုညိုသင်း သည်လည်း ၂၀၂၀ ရွေးကောက်ပွဲမှာ NLD နဲ့ လမ်းခွဲပြီး တစ်သီးပုဂ္ဂလရပ်တည်ခဲ့လို့ နီပိန်းတွေရဲ့ ဝိုင်းဝန်းထိုးနှပ်ခြင်း ခံခဲ့ရသူတစ်ဦးပါ။ ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 ကို တက်ရောက်လာတဲ့ ဒေါ်စန္ဒာမင်းကတော့ ပါတီကို တမ်းတမိတဲ့အကြောင်း၊ ဦးဟံသာမြင့်၏ ပြောကြားချက်သည် ပါတီ၏ မူဝါဒပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို ပါတီတစ်ခုကနေ ဝင်ပြိုင်ဖို့ စဉ်းစားနေကြောင်း၊ အခြေအနေပေးခဲ့ရင် ပါတီပြန်လည်ရှင်သန်အောင် ဆောင်ရွက်လိုတဲ့ ဆန္ဒရှိကြောင်း၊ ပြည်သူတွေ မဲပေးရွေးချယ်ကြဖို့ကိုလည်း မီဒီယာအင်တာဗျူးမှာ ဖြေဆိုသွားတာကို တွေ့လိုက်ရပါတယ်။

လက်ရှိနိုင်ငံရေးပါတီများ စာရင်းကို စိစစ်ကြည့်လိုက်ရင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဆိုတာက ၂၀၁၀ မှာ NLD ပါတီက ရွေးကောက်ပွဲကို ဆန့်ကျင်ကြ၊ ဖွဲ့စည်းပုံကို ကန့်ကွက်ကြလို့ လှုံ့ဆော်နေတဲ့ကာလ၊ ပါတီမှတ်ပုံမတင်ဘူးလို့ အပြင်းအထန် ငြင်းဆန်နေတဲ့အချိန်မှာ ခွဲထွက်ခဲ့တဲ့ အင်အားစုတစ်ခု ဖြစ်ပါတယ်။ ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့် တို့ ဖြစ်ပါတယ်။ အဲဒီကနေမှ သီးခြား ဦးသိန်းညွန့် က ဒီမိုကရေစီပါတီသစ် ကို ထူထောင်ပြီး ဦးဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲနီးလာတော့ ဒေါ်သက်သက်ခိုင် က NLD နဲ့ လမ်းခွဲပြီး ပြည်သူ့ရှေ့ဆောင်ပါတီ အဖြစ် ထူထောင်ခဲ့ပြန်ပါတယ်။ ဒါတွေဟာ တချိန်က NLD အင်အားစုတွေဖြစ်ခဲ့ကြတယ်။ တိုင်းပြည်ရဲ့ အရွေ့တစ်ခုကို ဒီပါတီကနေ ဆောင်ရွက်နိုင်မယ့်လို့ ယုံကြည်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

၂၀၂၀ မဲလိမ်မဲခိုးပွဲကြီး မတိုင်မီ NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ပြောတဲ့စကားတစ်ခွန်းကိုတော့ စာရေးသူအနေနဲ့ အမြဲတမ်း အမှတ်ရနေမှာပါ။ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ ဆရာဦးခင်မောင်ဆွေနဲ့ အင်တာဗျူးခဲ့စဉ် ရွေးကောက်ပွဲမှာ ဖြစ်ပေါ်လာနိုင်ခြေများနဲ့ ပတ်သက်လို့ ဆရာဦးခင်မောင်ဆွေ က ပြောတဲ့အခါမှာ "ရွေးကောက်ပွဲ မတိုင်မီကတည်းက မရိုးသားမှုတွေကို မြင်တွေ့နေရပြီ၊ NLD အစိုးရက ဖွဲ့စည်းထားတဲ့ UEC ကိုယ်တိုင်က သမာသမတ် ရှိရမယ့်အစား မရိုးသားတဲ့ လက္ခဏာတွေ မြင်တွေ့နေရပြီ။ ပြောချင်တာကတော့ နိုင်ငံရေးသမိုင်းမှာ အမဲကွက်ကြီး ထင်ကျန်နေအောင် မလုပ်ပါနဲ့။" လို့ ပြောခဲ့ပါတယ်။

သို့သော် အာဏာရမ္မက်ထနေတဲ့ NLD ကတော့ သူတို့ရဲ့ မရိုးဖြောင့်တဲ့ အစီအမံတွေအတိုင်းပဲ လုပ်ဆောင်သွားတဲ့အခါ တိုင်းပြည်မှာ ကမောက်ကမတွေ ဖြစ်ခဲ့ရတယ်။ NLD ဦးဆောင်သူတွေဟာ ပြည်သူလူထုကို သွေးခွဲပြီး အမိုက်ဇာတ် သွင်းခဲ့ကြတယ်။ နီပိန်း ငမိုက်သားတွေဟာ အကြမ်းဖက်သမားအဖြစ်နဲ့ မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး အခြေအနေအထိ ရက်စက်ယုတ်မာ ယုတ်ကန်းလွန်းတဲ့ လုပ်ရပ်တွေ လုပ်ပြခဲ့ကြတယ်။

အာဏာမရခင်က NLD ပါတီအနေနဲ့ တရားဥပဒေစိုးမိုးရေး၊ အဂတိကင်းစင်ရေးဆိုတာတွေကို တွင်တွင်ကျယ်ကျယ် ပြောခဲ့ကြတယ်။ ဒေါ်စု ကိုယ်တိုင်က ကျွန်မခွင့်မလွှတ်နိုင်တဲ့ အလုပ် ၂ခုကတော့ အဂတိလိုက်စားတာနဲ့ လူမှုရေးဖောက်ပြန်တာပဲလို့ ပြောခဲ့တဲ့ စကားကို ဂျာနယ်တွေမှာ ဟိုက်လိုက်လုပ်ပြီး ဖော်ပြခဲ့ကြတယ်။ ပြည်သူလူထုက သူတို့ရဲ့ စကားတွေကို ယုံစားပြီး ပုံအောမဲပေးခဲ့ကြလို့ ၂၀၁၅ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရတယ်လို့ ကြွေးကြော်ခဲ့ကြတယ်။ ၂၀၂၀ မဲလိမ်မဲခိုးပြီး အနိုင်ရတဲ့အခါကြတော့ မိုးပြိုသည်အထိ အနိုင်ရခဲ့တယ်တဲ့။

ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို အလေးထားခဲ့ရင်၊ ရွေးကောက်ပွဲမဝင်မီကတည်းက မိမိတို့ ကြွေးကြော်ခဲ့တဲ့ တရားဥပဒေစိုးမိုးရေး၊ အဂတိကင်းစင်ရေး ဆိုတာတွေကိုသာ အမှန်တကယ် အလေးထားပြီး လုပ်ဆောင်ဲ့မယ်ဆိုရင် NLD ပါတီကနေ ဒေါ်သက်သက်ခိုင်၊ ဒေါ်ညိုညိုသင်း တို့ ထွက်ခဲ့ကြမှာ မဟုတ်ဘူး။ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရဖို့ကိုလည်း မဲလိမ်မဲခိုးနေစရာ မလိုပါဘူး။ သို့သော် မရိုးသားဘူး။ အပြောတမျိုး၊ အလုပ်တမျိုး ဖြစ်ခဲ့တယ်။ ၅နှစ်တာ အာဏာရတဲ့ သက်တမ်းအတွင်းမှာ ဒေါ်စုကိုယ်တိုင်က သူခွင့်မလွှတ်နိုင်တဲ့ အလုပ်မျိုးကို သူကိုယ်တိုင်က လုပ်ခဲ့မိရက်သား ဖြစ်နေတယ်။ 

ပြန်လည်လေ့လာကြည့်ပါ။ ၅နှစ် NLD ပါတီက အာဏာရတဲ့ကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိလိုက်စားမှု (၉)မှု အမေရိကန်ဒေါ်လာ ၄,၁၀၆,၃၁၆ (၄သန်းကျော်)နှင့် မြန်မာကျပ်ငွေ ၄၉,၂၀၆,၆၉၁,၀၆၅.၇၅ကျပ်၊ (၄၉၂၀၆ သန်းကျော်) ဖြစ်ပါတယ်။ ဦးဝင်းမြင့် ရဲ့ အဂတိလိုက်စားမှု (၅)မှု အမေရိကန်ဒေါ်လာ ၄,၀၈၈,၀၉၀ (၄သန်းကျော်)နှင့် မြန်မာကျပ်ငွေ ၂၃,၀၄၈,၁၈၆,၀၆၅.၇၅(၂၃၀၄၈သန်းကျော်) ဖြစ်ပါတယ်။ NLDပါတီဝင် ဗဟိုအလုပ်မှုဆောင် ၈ဦး၊ ပါတီဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် ဝန်ကြီးဟောင်း ၂၀ဦး၊ ပါတီဝင်မဟုတ်သည့် ပြည်ထောင်စုဝန်ကြီးဟောင်း ၄ဦး၊ ပါတီဝင်မဟုတ်သည့် ဝန်ကြီးဟောင်း ၃ဦး တို့ ကျူးလွန်ခဲ့တဲ့ အဂတိလိုက်စားမှုဟာ ၁၃,၁၀၉,၉၀၈(၁၃သန်းကျော်) နှင့် မြန်မာကျပ်ငွေ ၃၆၁,၉၀၃,၉၇၄,၆၃၁.၈၅ (၃၆၁ဘီလီယံကျော်) ရှိခဲ့ပါတယ်။

ဒါတွေက အပြောနဲ့ အလုပ် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေတယ်ဆိုတဲ့ သက်သေမှတ်တမ်းတွေပါပဲ။ NLD အစိုးရလက်ထက်မှာ ဘယ်တုန်းကမှ မကြားခဲ့ရဖူးတဲ့ နိုင်ငံခြားသား အကြံပေး (၁၀၀)ကျော် ခေါ်ယူခဲ့ခြင်းဟာလည်း အချုပ်အခြာအာဏာ ကျိုးပေါက်ခြင်းပဲ ဖြစ်ပါတယ်။ မဖြစ်သင့်တဲ့အကြောင်း အတိုက်အခံများက ထောက်ပြဝေဖန်ခဲ့ပေမယ့်လည်း အာဏာရမ္မက်ထနေတဲ့ NLD ပါတီဟာ အနောက်အုပ်စုရဲ့ အလိုကျ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက် ဆိုတဲ့ ပုံစံမျိုး ထင်ရာစိုင်းခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို ဖတ်ရှုနေတဲ့ မိတ်ဆွေများက မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် လောက် ပြည်သူလူထုရဲ့ ထောက်ခံမှုရတဲ့ ပုဂ္ဂိုလ်မရှိဘူးလို့ စောဒကတက်နိုင်ပါတယ်။ ဒါဟာ အမှန်တရားပါပဲ။ ရဟန်းရှင်လူ ပြည်သူလူထုက ဗိုလ်ချုပ်သမီးဆိုတဲ့ အမြင်နဲ့ တိုင်းပြည်အရွေ့တစ်ခုကို ဦးဆောင်နိုင်လေမလားလို့ မျှော်လင့်ပြီး အားပေးထောက်ခံခဲ့ကြတယ်။ ရဟန်းရှင်လူပြည်သူထုရဲ့ လေးစားချစ်ခင် ထောက်ခံအားပေးမှုကို ရခဲ့တဲ့ ပုဂ္ဂိုလ် က ရဟန်းရှင်လူပြည်သူလူအပေါ် ထောက်ထားညှာတာခြင်းမရှိတဲ့အတွက်ကြောင့် အာဏာရလာတဲ့အခါမှာ အပြောတမျိုး၊ အလုပ်တမျိုး လုပ်ခဲ့တာပေါ့။ ရဟန်းရှင်လူပြည်သူလူထုအပေါ် ထောက်ထားစာနာတဲ့ ပုဂ္ဂိုလ် ဆိုရင်ဖြစ် ဆက်လက်အားပေး ထောက်ခံသင့်ပါတယ်။ သူမရဲ့ အာဏာရလိုခြင်းက ကိုယ်ကျိုးရှာဖို့၊ ပြည်သူလူထုကြား အနောက်အုပ်စုအလိုကျ သွေးခွဲသပ်လျှိုပြီး အချုပ်အခြာအာဏာ ကို ထိပါးသည်အထိ လုပ်ဆောင်လာခဲ့ရင်တော့ ဆက်လက်အားပေးထောက်ခံဖို့ မသင့်ဘူး။

ဒါတွေကို ထောက်ပြပြောဆိုခြင်းက ကျွန်တော်တို့ ပြည်သူများ တစ်ခါသေဖူး၊ ပျဉ်းဖိုးနာလည် ဆိုသည့် စကားအတိုင်း ဆင်ခြင်သတိပြုမိကြဖို့ လိုလိမ့်မယ်။ ပြည်သူက ချီးမြှင့်မြှောက်စားလို့ တောက်ကြွားလာတိုင်း ပြည်သူလူထုအပေါ် ထောက်ထားလိမ့်မယ် မထင်ပါနဲ့။ အပေါ်ယံ ရွှေမှုန့်ကြဲပြီး အတွင်းပုပ် စိတ်ယုတ်မာရှိတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီအဖွဲ့အစည်းတွေကို သတိပြုမိကြဖို့ လိုပါလိမ့်မယ်။ ရဟန်းရှင်လူ ပြည်သူလူထုအပေါ် NLD ပါတီကဲ့သို့ ယုတ်မာရိုင်းစိုင်းသော ပါတီအဖွဲ့အစည်းမျိုးတွေကို အားမပေးမိကြဖို့ သတိပြုကြရမှာ ဖြစ်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာတော့ NLD အုပ်စု ပြန်လည်စုဖွဲ့ဖို့ အချိန်မမီတော့ပါဘူး။ နောက်ထပ် (၁၀)နှစ်၊ (၁၅) ကြာတဲ့အခါ ပြန်လည်စုဖွဲ့ပြီး နိုင်ငံရေးစင်မြင့်ပေါ် ပြန်တက်လာနိုင်ပါတယ်။ လေပြောသန်ပြီး လက်တွေ့မှာ ဘာမှစွမ်းနိုင်ခြင်းမရှိတဲ့သူတွေက ရဟန်းရှင်လူပြည်သူလူထုကို ဒုက္ခပေးတဲ့ နေရာမှာတော့ မြန်မာ့သမိုင်းမှာ အဆိုးဆုံးအခြေအနေမျိုးအထိ ဖန်တီးလုပ်ဆောင်သွားတယ်ဆိုတဲ့ သင်ခန်းစာကို ဖြစ်နိုင်ရင် ကျောင်းသုံးစာအုပ်များမှာပါ ထည့်သွင်းသင်ကြားသင့်ပါတယ်။ ဒီမိုကရေစီ အရည်ခြုံ အကြမ်းဖက်ဝါဒီများကဲ့သို့ နောက်မျိုးဆက်တွေ မမိုက်မှားကြစေဖို့ပေါ့ -


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)