ငါတို့နိုင်တယ်ဆိုတဲ့ စကားတွေနဲ့ပဲ ပြီးဆုံးသွားတဲ့ အစ္စရေး- အီရန်စစ်ပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါတို့နိုင်တယ်ဆိုတဲ့ စကားတွေနဲ့ပဲ ပြီးဆုံးသွားတဲ့ အစ္စရေး- အီရန်စစ်ပွဲ


ဇွန် - ၂၈ ( စနေနေ့ ) 

ဇွန်လ ၁၂ ရက်နေ့က အစ္စရေးက အီရန်နျူ့စက်ရုံနဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ကာ စစ်ပွဲကို စဖွင့်ခဲ့ပါတယ် ။ အလစ်အငိုက်တိုက်ခိုက်လို့ အီရန် နျူ့ပညာရှင်တွေနဲ့ စစ်ရေးထိပ်တန်းခေါင်းဆောင်တွေ သေဆုံးခဲ့ရပါတယ်။ အဲ့ဒိနောက်ပိုင်းမှာ အီရန်က အစ္စရေးကို ဒုံးတွေ ဒရုန်းတွေသုံးပြီး တုန့်ပြန်တိုက်ခိုက်ခဲ့ပါတယ်။ 

အဲ့ဒိအချိန်တုန်းက အမေရိကန်သမ္မတက အီရန်- အစ္စရေးစစ်ပွဲမှာ အမေရိကန် ဝင်ပါ မပါကို ၂ပတ်ကြာမှ ဆုံးဖြတ်မယ်ဆိုပြီး ကြေညာခဲ့ပေမဲ့ ပြောပြီးနောက်နေ့မှာပဲ အမေရိကန်က အီရန် နျူ့စက်ရုံ ၃ ရုံကို လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်သလို ပင်လယ်ထဲကနေ ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးလိုက်ပါတယ်။ 

ထရမ့်ကတော့ နျူ့စက်ရုံတွေ သုံးမရအောင် ပျက်စီးသွားပြီလို့ ပြောပေမဲ့ သတင်းဌာနတွေကတော့ နျူ့စက်ရုံတွေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေ မပျက်စီးပါဘူး ဆိုပြီး အချေတင်ပြောဆိုမှုတွေရှိခဲ့ပါတယ်။ အီရန်က ကာတာမှာရှိတဲ့ အမေရိကန်လေတပ်စခန်းကို ဒုံးတွေနဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ 

နောက်ရက်တွေမှာတော့ အမေရိကန်က အီရန်နဲ့ အစ္စရေးခေါင်းဆောင်းပိုင်းတွေကို ဖုန်းဆက်ပြီး စစ်ပွဲရပ်ဖို့တောင်းဆိုခဲ့တယ်။ ပထမပိုင်းမှာ ၂ဘက်စလုံးက သဘောတူခဲ့ပေမဲ့ အီရန်နဲ့ အစ္စရေးက အပြန်အလှန်တိုက်ခိုက်မှုတွေ ရှိနေခဲ့ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအပေါ် အောင်ပွဲခံခဲ့ပြီကြေညာခဲ့သလို အီရန်ခေါင်းဆောင် အယာတိုလာအလီခါမေနီ က အမေရိကန်နဲ့ အစ္စရေးအပေါ်ကို အောင်ပွဲခံလိုက်ပြီလို့ ကြေညာလိုက်တာကြောင့် အီရန်ပြည်သူတွေက ဝမ်းမြောက်ဝမ်းသာစွာနဲ့ လမ်းပေါ်တက် ဟစ်အော်ခဲ့ကြပါတယ်။ 

အီရန်ခေါင်းဆောင်ရဲ့ကြေညာချက်ကြောင့် ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအပေါ် လုပ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးမယ်ဆိုပြီး စီစဉ်နေတဲ့ အစီအစဉ်ကို နောက်ဆုတ်လိုက်ပြီလို့ ဒီကနေ့ ကြေညာခဲ့ပါတယ်။ 

မနေ့က ထရမ့်ပိုင်တဲ့ Truth ဆိုရှယ်မီဒီယာ  ပို့စ်တစ်ခုမှာ ခါမေနီက အောင်ပွဲခံတယ်ဆိုပြီး  ပြောင်ပြောင် တင်းတင်း နဲ့ မိုက်မိုက်မဲမဲ ထုတ်ပြန်တာက လိမ်လည်မှုအကြီးကြီးကိုလုပ်နေတာပါ ဆိုပြီး ရေးတင်ခဲ့ပါတယ်။ "သူ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒေါသ၊ မုန်းတီးမှုတွေနဲ့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့အရာတွေ အများကြီး ပါပါတယ်။ အဲ့ဒိထုတ်ပြန်ချက် နဲ့ပတ်သက်ပြီး ကျနော်တို့က အီရန်ကို သက်သာရာရစေတဲ့ အရာတွေကို စွန့်လွှတ် လိုက်ပါတယ်" ဆိုပြီး ရေးသားခဲ့ပါတယ်။ စစ်ပွဲ မဖြစ်ခင်က ခါမေနီက အမေရိကန်အတွက် လွယ်ကူတဲ့ ပစ်မှတ်လို့ ပြောခဲ့ပေမဲ့ တကယ်တမ်းတိုက်ခိုက်တဲ့အခါမှာတော့ ခါမေနီရှိတဲ့နေရာကို ဗုံးကျဲတိုက်ခိုက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ 

ထရမ့်ကတော့ "ကျနော်က သူ့ကို အလွန်အရုပ်ဆိုးပြီး ယုတ်ညံ့တဲ့သေခြင်း တရားကနေ ကယ်တင်ခဲ့တာပါ။ အဲ့ဒါကို ထရမ့်ရေ ကျေးဇူးတင်ပါတယ် ဆိုပြီး တစ်လုံးတလေတောင် မပြောဘူး" ဆိုပြီးတော့လည်း ရေးတင်ခဲ့ပါတယ်။ 

ခါမေနီကတော့ အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်ကို ထိုးဖောက်နိုင်ခဲ့တာက အီရန်ရဲ့ အောင်မြင်မှုကြီး ဆိုပြီး ဆိုခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)