ဇွန် - ၃ ( အင်္ဂါနေ့ )
ဥရောပသမဂ္ဂ ( အီးယူ)က တရုတ်ဆေးဘက်ဆိုင်ရာ ပစ္စည်းထုတ်လုပ်သူများ ထံမှ ဝယ်ယူရေးစာချုပ်များ ကို ကန့်သတ်ချက်များ ချမှတ်ဖို့အတွက် ဖြစ်နိုင်ခြေတွေကို စစ်ဆေးနေတယ်လို့ ဘလွန်းဘာဂ် သတင်းဌာနရဲ့ သတင်းမှာပါလာပါတယ်။
မကြာသေးမီက ဘရပ်ဆဲလ်မြို့မှာ ကျင်းပခဲ့တဲ့ အီးယူရဲ့ ကုန်သွယ်မှု ကာကွယ်ရေးဝါဒ အစည်းအဝေးမှာ အီးယူနဲ့ တရုတ်နိုင်ငံအကြား အခွန်တိုးမြှင့်ကောက်ခံမှုနဲ့ပတ်သက်ပြီး တင်းမားတဲ့ တုံ့ပြန်မှုလုပ်ဖို့ ဆွေးနွေးခဲ့ပါတယ်။
ဥရောပကော်မရှင် (EC) က တရားမျှတမှုမရှိတဲ့ တရုတ်တို့ရဲ့ မနှစ်က ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ရာ တရုတ်အစိုးရက EU ရဲ့ ဆေးဘက်ဆိုင်ရာစက်ပစ္စည်းများ ကို တရုတ်ဈေးကွက်ထဲကို ဝင်ရောက်ခွင့်ကန့်သတ်ထားတာကို စုံစမ်းသိရှိလိုက်ပါတယ်။
ပြီးခဲ့တဲ့ လကလည်း တရုတ် က အီးယူရဲ့ ဘရန်ဒီ အရက်တင်သွင်းမှုကို ကန့်သတ်ထားခဲ့ပါတယ်။ အီးယူ အဖွဲ့ဝင် ၂၇ နိုင်ငံရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဥပဒေပါ အချက်အလက်များ ပြည့်စုံတာနဲ့ တရုတ်သွင်းကုန်တွေအပေါ် ကန်သတ်မှုတွေ လုပ်သွားမယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးရဲ့စကားကို ကိုးကားပြီး ဘလွန်းဘာဂ်က ဖော်ပြခဲ့ပါတယ်။
Ref: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment