ဇွန် - ၁၉ ( ကြာသပတေးနေ့ )
ဒီကနေ့ မနက်ပိုင်း စိန့်ပီတာဘာဂ်မြို့မှာ ပြုလုပ်တဲ့ ၂၈ ကြိမ်မြောက် နိုင်ငံတကာ စီပွားရေးဖိုရမ်အပြီး သတင်းထောက်များ နဲ့ တွေ့ဆုံရာမှာ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) ရဲ့ စစ်ရေး ဆိုင်ရာ မြှင့်တင်မှုတွေက ရုရှားကို လာပြီ အနှောက်အယှက် မဖြစ်နိုင်ပါဘူး၊ ပြီးတော့ ခြိမ်းခြောက်မှု တစ်ရပ်လည်း မဖြစ်ပါဘူး လို့ ပြောသွားပါတယ်။
အမေရိကန်ဦးဆောင်သော စစ်ဘက်အုပ်စု၏ လုပ်ဆောင်ချက်တွေက ရုရှားအတွက် အချို့သော ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာနိုင်သော်လည်း ရုရှားသည် အမျိုးသားလုံခြုံရေးအတွက် စိန်ခေါ်မှုများကို ဖြေရှင်းရန် အသင့်ရှိကြောင်း ပူတင်က ကြာသပတေးနေ့အစောပိုင်းတွင် အမေးအဖြေကဏ္ဍ၌ ပြောကြားခဲ့ပြီး NATO က ကာကွယ်ရေး အသုံးစရိတ် တိုးသုံးလည်း လက်ရှိဖြစ်နေတဲ့ အနေအထားကို နဲ့ ကွာခြားသွားမှာ မဟုတ်ဘူး လို့ပြောသွားပါတယ်။
“ဘာလို့လဲဆိုတော့ နေတိုးရဲ့ လက်နက်တပ်ဆင်မှုဟာ ရုရှားဖက်ဒရေးရှင်းကို ခြိမ်းခြောက်မှုလို့ ကျွန်တော်တို့ မယူဆပါဘူး၊ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်လုံခြုံရေးကို အာမခံဖို့ ဖူလုံနေပါပြီ၊ ကျွန်တော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးစွမ်းရည်တွေကို အဆက်မပြတ် မြှင့်တင်နေပါတယ်”လို့ ပြောသွားပါတယ်။
ရုရှားသည် ဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုအားလုံးကို လျော့ပါးစေအောင် လုပ်နိုင်စွမ်းရှိတယ်လို့လည်း သမ္မတက ပြောကြားခဲ့ပါတယ်။
အနောက်နိုင်ငံအစိုးရတွေက ပြည်သူတွေဆီကနေ အခွန်တိုးမြှင့်ကောက်ခံတယ် ပြီးတော့ ပြည်သူ့ဘဏ္ဍာငွေ တွေက စစ်တပ်ရဲ့ စက်မှုဇုန်သို့ လွှဲပေးနေတာက အဲ့ဒိအစိုးရတွေက ပြည်သူတွေကို လိမ်ညာမှုအဖြစ်လည်း ပြောသွားပါတယ်။
"အဲ့ဒိနိုင်ငံတွေက နာဇီဝါဒဖြန့်သူတွေဟာ လူတွေကို လိမ်ညာပြီး မယုံကြည်စရာကောင်းလောက်အောင်ကို စည်ရုံးနေပါတယ်။ ရုရှားက ဥရောပကို တိုက်ခိုက်မယ်ဆိုပြီး ပြည်သူတွေကို ဝါဒဖြန့်နေတာ။ အဲ့ဒါမှလည်း ဘတ်ဂျတ်တွေကို သေချာထုတ်ယူပြီး စီးပွားရေး မအောင်မြင်တဲ့ အကြောင်းပြချက် ပေးလို့ရမှာပေါ့။ သူတို့က စစ်အသုံးစရိတ်ကို အကြောင်းပြမယ်။ အဲ့လိုပုံစံနဲ့ ပြည်သူတွေကို လိမ်ညာနေတာပါ။ ဒါကို လူတိုင်းသိပါတယ်ဗျာ" လို့ ပြောသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment