ကြံခင်း၊ ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ ဧရာဦးခန်းမ ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဝန်ထမ်းမိသားစုများ၏ သား၊ သမီးများအား ကျောင်းသုံး ပစ္စည်းများနှင့် ပညာသင်စရိတ်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ၅၂၈ လူငယ် ဖွံ့ဖြိုးရေးပရဟိတကျောက်တိုင် ကျောင်းအုပ်ဆရာတော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် ဝန်ထမ်းများ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့် နှင့် မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားကို ကြံတောအုပ်စု၊ ၅၂၈ လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောက်တိုင်၊ ကျောင်းအုပ် ဆရာတော် သီတဂူဗုဒ္ဓတက္ကသိုလ်(ပြည်)(ပါမောက္ခ) ဒေါက်တာပညာနန္ဒ (Ph.D.Thesis)က ဆုံးမ ဩဝါဒစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၊ မိသားစုများ၏ သား၊ သမီးများအား ကျောင်းသုံးပစ္စည်းများနှင့် ပညာသင်စရိတ်ပေးအပ်ရ ခြင်း ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ၅၂၈ လူငယ်ဖွံ့ဖြိုးရေးပရဟိတ ကျောက်တိုင် ကျောင်းအုပ်ဆရာတော် ဒေါက်တာပညာနန္ဒမှ ငွေကျပ် ၁၁ သိန်းတန်ဖိုးရှိ ကျောပိုး အိတ်၊ ထီး၊ ခဲတံ စသည့် ကျောင်းအသုံးအဆောင်ပစ္စည်းနှင့် ပညာသင်စရိတ် ငွေကျပ် ၁၃ သိန်းကို ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က လက်ခံရယူပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀ နှုန်း၊ အလယ်တန်းအဆင့် တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်း၊ အထက်တန်းအဆင့် နှင့် တက္ကသိုလ် တက်ရောက်သင်သူနေကြသူများအား ငွေကျပ် ၃၀၀၀၀ နှုန်း စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၃၉ ဦးအား ကျောင်းသုံး ပစ္စည်းများနှင့် ပညာသင်စရိတ်များ အသီးသီး ပေးအပ်ကြသည်။
အဆိုပါ ကျောင်းသုံးပစ္စည်းများနှင့် ပညာသင်စရိတ်များပေးအပ်ရာ၌ ၅၂၈ လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောက်တိုင်၊ ဆရာတော်နှင့် တပည့်ဒါယကာများက မူလတန်းအဆင့် ကျောင်းသား/ သူများအား ကျောပိုးအိတ်၊ ထီး၊ ခဲတံနှင့် ပညာသင်စရိတ်တို့အားလည်းကောင်း၊ အလယ်တန်း၊ အထက်တန်းအဆင့်နှင့် တက္ကသိုလ် ကျောင်းသား/သူများကို ထီးနှင့် ပညာသင်စရိတ်တို့ကို စုစုပေါင်း ပစ္စည်းတန်ဖိုးနှင့်ပညာသင်ထောက်ပံ့ငွေကျပ် ၂၄ သိန်းတိတိကို လှူဒါန်းပေးအပ်ခဲ့ကြကြောင်း သိရ သည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment