ဇွန် - ၂၀ ( သောကြာနေ့ )
ဒိနေ့ ဆိုရင် အီရန်- အစ္စရေး စစ်ပွဲက တစ်ပတ်ပြည့်သွားပါပြီ။ အီရန်ဒုံးတွေက အစ္စရေးနိုင်ငံ ရာမတ်ဂတ်မြို့က စတော့အိတ်ချိန်းရုံးကို ထိသွားသလို အစ္စရေးတွေကလည်း အီရန် အာရက် နျူ့ စက်ရုံကို ဗုံးကျဲတိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်တွေတုန်းက အီရန်ဒုံးတွေက အစ္စရေးဆေးရုံ တစ်ခုကို မှန်ခဲ့လို့ အသေအပျောက် နဲ့ ဒဏ်ရာရတဲ့သူတွေရှိ နေခဲ့ပါတယ်။ အီရန် နျူ့စက်ရုံကို အစ္စရေးတွေက ဗုံးကျဲတိုက်ခိုက်မှုမှာတော့ ဓာတ်ရောင်ခြည်ယိုစိမ့်မှု မဖြစ်ဘူးလို့ ယာယီသတင်းတွေအရ သိရပါတယ်။ အစ္စရေးတွေကတော့ နျူ့ စက်ရုံကိုဗုံးကျဲမယ် ဒေသခံတွေ ထွက်ပြေးကျလို့ သတိကြိုပေးခဲ့တယ်လို့တော့ ပြောတာပဲ။ အီရန်ဘက်ကလည်း ဗုံးကျဲမယ် သတင်းကြိုရလို့ အရေးကြီးတဲ့ ရွှေ့ပြောင်းမှုတွေလုပ်ခဲ့တယ်လို့ ပြောပါတယ်။
အစ္စရေး ကျန်းမာရေး အာဏာပိုင်တွေကတော့ မကြာခဏ ကြားရတဲ့ ဥဩသံတွေကြောင့်ပြည်သူအများစုမှာ အိပ်ရေးတွေပျက်ပြီး စိတ်ကျန်းမာရေ ထိခိုက်မှုတွေ ရှိနေတယ်လို့ သတိပေးပြောထားတာတော့ ရှိပါတယ်။
အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ဟစ္စဘိုလာခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ယက်ဆင်အစ်ဇာဒင်ကို ဒရုန်း တိုက်ခိုက်မှု နဲ့ လုပ်ကြံနိုင်ခဲ့တယ် လို့ ကြေညာပါတယ်။ လက်ဘနွန်တောင်ပိုင်းက လီတာနီမြစ်နားက ဟစ္စဘိုလာအမြောက်တပ်ကို ချေမှုန်းရင် ပါသွားတာလို့ပြောပါတယ်။ ယက်ဆင် နေတဲ့ ဘာရစ်ရှ်မြို့က အိမ်ကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယက်ဆင်က အစ္စရေး မြောက်ပိုင်းကို ရောကတ်တွေ အမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့အမိန့်ပေးနေတဲ့သူပါ။
အီရန်နိုင်ငံကနေ ကယ်တင်ခံလိုက်ရတဲ့ အိန္ဒိယ ကျောင်းသူတစ်ဦးကတော့ အိန္ဒိယသားဖြစ်ရတာ ဂုဏ်ယူပါတယ်လို့ ပြောပါတယ်။ သူမကို မနေ့က အီရန်နိုင်ငံ အိန္ဒိယ သံရုံးကနေ ဒေလီမြို့ကို ပြန်လွှတ်တဲ့ ပထမအသုတ် လူ ၁၁၀ မှာ ပါလာခဲ့တာပါ။
အီရန်ခေါင်းဆောင် အလီခါမေနီကို လုပ်ကြံသတ်ဖြတ်မယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လာဆွေးနွေးမယ် ဆိုရင်တော့ လက်မခံနိုင်ဘူးလို့ ရုရှား သမ္မတ ဗလာဒီမာပူတင်က ပြောလိုက်ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်နိုင်ငံက လက်ရှိ နိုင်ငံရေးခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် အစီအစဉ်တွေ ရှိနေပြီး အစိုးရတစ်ရပ်အပြောင်းအလဲကို လုပ်ချင်နေကြပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး သူ့ကို လာပြီး တိုင်ပင်ဆွေးနွေးမှုတွေ လုပ်မယ် ဆိုရင်တော့ လက်မခံနိုင်ဘူး လို့ ပြောလိုက်တာပါ။
REF: Multi Media
https://t.me/MyanmarNationalPost
No comments:
Post a Comment