ဆီးရီးယားနိုင်ငံသား ၂ သန်းလောက် အိမ်ပြန်လာနိုင်ဖို့ ဝိုင်းကူကြပါဦးလို့ တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီးရီးယားနိုင်ငံသား ၂ သန်းလောက် အိမ်ပြန်လာနိုင်ဖို့ ဝိုင်းကူကြပါဦးလို့ တောင်းဆို





ဇွန် - ၂၀ ( သောကြာနေ့ ) 

ဘာရှာအာဆက် အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း ဆီးရီးယားဒုက္ခသည် ၂ သန်းခန့်ကို နိုင်ငံတွင်းသို့ လုံခြုံစွာ ပြန်လာနိုင်ရေး အတွက် နိုင်ငံတကာ အသိုက်အဝန်းနှင့် ဘဏ္ဍာရေး အဖွဲ့အစည်းများက ပံ့ပိုးကူညီပေးကြပါဦးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ က ကြာသပတေးနေ့တွင် ပြောကြားခဲ့ပါတယ်။ 

လက်ဘနွန်သမ္မတ ဂျိုးဇတ်အေရွန် နဲ့ ဆွေးနွေးခဲ့ပြီးနောက် လက်ဘနွန်နိုင်ငံသို့ ထွက်ပြေးလာခဲ့ တဲ့ ဆီးရီးယားဒုက္ခသည် ခန့်မှန်းခြေ ၁.၅ သန်းအတွက် ယခု အိမ်ပြန်နိုင်ရေး အခွင့်အလမ်းများ တိုးမြင့်လာစေရန် ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုပါတယ်။ 

"ဒုက္ခသည်များစွာက ထိုရွေးချယ်မှုကို ပြုလုပ်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ရေရှည်တည်တံ့ဖို့အတွက် ဆီးရီးယားက နိုင်ငံတကာရဲ့ အကူအညီတွေ ပိုပိုပြီး မြန်မြန်ဆန်ဆန် လိုအပ်နေပါတယ်" လို့ သူ့ရဲ့  X အကောင့်တွင်ပြောကြားခဲ့ပါတယ်။ သူ့ရဲ့  သီးခြား X ပို့စ်တစ်ခုတွင်လည်း ၎င်းက "ဒေသတွင်း တင်းမာမှုများ မြင့်တက်နေသည့်ကြားတွင် မျှော်လင့်ချက်၏ လက္ခဏာတစ်ခု" ဖြစ်ကြောင်း မှတ်ချက်ချခဲ့ပြီး လူ ၂ သန်းလောက် အိမ်ကိုပြန်လာနိုင်စရာ ရှိပါတယ်လို့လည်း ရေးတင်ခဲ့ပါတယ်။ 

“မတည်မငြိမ်ဖြစ်မှုနဲ့ နေရာရွှေ့ပြောင်းမှု လှိုင်းလုံးတွေကို ဖြေရှင်းဖို့ရာက နိုင်ငံရေး အဖြေရှာမှုတွေ လိုအပ်တယ် ဆိုတာကို သက်သေပြနေပါတယ်” ဟု ၎င်းက အစ္စရေး-အီရန် စစ်ပွဲကို ရည်ညွှန်းကာ ပြောကြားခဲ့ပါတယ်။ 

အာဆတ်အစိုးရ ပြုတ်ကျပြီးနောက် “သူတို့ အိုးမဲ့အိမ်မဲ့ ဖြစ်ရတဲ့ အကြောင်းရင်းတွေ မရှိတော့ဘူး” လို့ အေရွန် က ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အကူအညီပေးဖို့နဲ့ ဆီးရီးယား ပိုင်နက်ထဲမှာ အခု အကူအညီတွေ ဆက်လက် ပံ့ပိုးပေးဖို့ ကြိုးပမ်းမှုတွေ အရှိန်မြှင့်ဖို့ UNHCR ကို တောင်းဆိုလိုက်ပါတယ်။


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)