ကြံခင်းမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြို့နယ်ဘဏ်ခွဲ) တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် ၂၂၁၈၅ သိန်း ထုတ်ချေးပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြို့နယ်ဘဏ်ခွဲ) တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် ၂၂၁၈၅ သိန်း ထုတ်ချေးပေးလျက်ရှိ





ကြံခင်း၊ ဇွန်  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြို့နယ်ဘဏ်ခွဲ) တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက်ပိုင်းတွင် ခုံကြီးအုပ်စုရှိ တောင်သူ ၁၈၅  ဦးအား ထုတ်ချေးပေးလျက်ရှိသည်။

ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မြို့နယ်ခွဲ) မန်နေဂျာ ဒေါ်လွင်လွင်ဦးက  တောင်သူ များ အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ချေးငွေညွှန်ကြားစာပါ ချေးငွေစည်းကမ်းသတ်မှတ်ချက်များနှင့် အညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လယ်ယာမြေလုပ်ပိုင် ခွင့် ပြုလက်မှတ်ပုံစံ(၇)အား မြေစာရင်းဦးစီးဌာနနှင့်တိုက်ဆိုင်စစ်ဆေးပြီးမှသာ မှန်ကန်သော တောင်သူ များကိုသာ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း၊ ကျေးရွာတောင်သူများကို ချေးငွေထုတ်ချေးသည့် စာချုပ်ပါစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မန်နေဂျာ ဒေါ်လွင်လွင်ဦးက ခုံကြီးအုပ်စုရှိ တောင်သူ ၁၈၅ ဦးအား တစ်ဧက ငွေကျပ် တစ်သိန်းငါးသောင်းနှုန်းဖြင့် ၉၆၀ ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ငွေကျပ် ၁၄၄၀.၀၀ သိန်း ထုတ်ချေးပေးလျက်ရှိပြီး၊ ဇွန်လ ၂၇ ထိ ကျေးရွာအုပ်စု ၂၁ စု၊ တောင်သူ ၂၉၂၈ ဦး၊ ၁၄၇၉၀ ဧက စုစုပေါင်းငွေကျပ် ၂၂၁၈၅.၀၀ သိန်း ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်(ကြံခင်းဘဏ်ခွဲ)မှ သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)