နေပြည်တော်၊ ဇွန် ၂၀
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနနှင့် ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့် ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေးဌာနတို့အကြား တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိ နေသော ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ H.E. Alexi Ovchinnikov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ၁၄:၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာ၌ ရုရှားကိုယ်စားလှယ်အဖွဲ့က ငလျင်ဘေးသင့် မြန်မာပြည်သူများအပေါ် စာနာဂရုဏာဖြစ်မိကြောင်း ပြောကြားခဲ့ပြီး ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ တို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် အာဆီယံ-ရုရှားဆွေးနွေးဖက်ဆက်ဆံရေး တာဝန်ခံညှိနှိုင်း ရေးမှူးအနေဖြင့် မိတ်ဖက်ဆက်ဆံရေးတို့ကို ပိုမိုခိုင်မာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒနှင့် အာဆီယံပဋိညာဉ် စာတမ်းပါ မူဝါဒများကို အလေးထားကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment