တန့်ယန်းမြို့နယ်တွင် ရွှေဟင်္သာ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားနှင့် ရွှေထီးတော်တင် မဟာမင်္ဂလာအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် ရွှေဟင်္သာ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားနှင့် ရွှေထီးတော်တင် မဟာမင်္ဂလာအခမ်းအနား ကျင်းပ




တန့်ယန်း  ၊ ဇွန် ၁၁


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် အောင်မင်္ဂလာကျောင်းတိုက်ကြီးအတွင်း၌ တည်ထားလျက်ရှိသော ဉာဏ်တော် (၈၁) ပေရှိသည့် ရွှေဟင်္သာစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားနှင့် ရွှေထီးတော်တင်မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အောင်မင်္ဂလာကျောင်းတိုက် ရွှေဟင်္သာစေတီတော်၌ ကျင်းပသည်။

အခမ်းနားကို တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တ သုခမိန္ဒ၊ ကိုင်းကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကုသလ၊ မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဌ ဘုရားကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောလိယနှင့် ဆရာတော်ကြီးများတို့မှ ဦးဆောင်၍ နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ တာဝန်ရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များ၊ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများနှင့် ပြည်သူများက စိန်ဖူးတော်၊ ငှက်မြတ်နားနှင့် ရွှေထီးတော် ဘုံအဆင့်ဆင့်တို့အား တင်လှူပူဇော်ကြကြောင်း သိရသည်။


မင်းလွင်ဦး(တန့်ယန်း)    

https://t.me/MyanmarNationalPost                                      

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)