ဇွန် - ၂၇ ( သောကြာနေ့ )
လူတစ်ဦးသေဆုံးကာ လူ ၃၀၀ ကျော် ထိန်းသိမ်းခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် ၁၄ ဦးအပါအဝင် ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ ပြင်းထန်လာခြင်းကြောင့် ပနားမားအစိုးရက အခြေခံဥပဒေဆိုင်ရာ အခွင့်အရေးများကို ဇွန် ၂၉ ရက်အထိ ဆိုင်းငံ့ထားလိုက်ပါတယ်။
လမ်းပိတ်ဆို့မှုများ၊ ဆန္ဒပြမှုများနှင့် ဖျက်ဆီးမှုများဖြစ်ပွားနေသည်မှာ နှစ်လကြာပြီးနောက်၊ ဒေသအတွင်း စည်းမျဥ်းပြန်လည်တည်ဆောက်ရန် ကြိုးပမ်းမှုတွင် လွတ်လပ်စွာစုဝေးခွင့်နှင့် သွားလာလှုပ်ရှားမှုဆိုင်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အခွင့်အရေးများကို ယာယီကန့်သတ်ရန် လိုအပ်ကြောင်း ပနားမားအစိုးရအဖွဲ့ က ပြောကြားခဲ့ပါတယ်။
ဇွန်လ ၂၀ ရက်နေ့တွင် အစိုးရက အဆိုပါအခွင့်အရေးများကို ဆိုင်းငံ့ထားရန် ငါးရက်ကြာ အမိန့်ထုတ်ပြန်ခဲ့ပြီး ပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင် ၁၅၀၀ ထပ်မံချထားပေးခဲ့တဲ့ အထူးစစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့ပါတယ်။
ပနားမားနှင့် အမေရိကန် အစိုးရတို့ လက်မှတ်ရေးထိုးထားသော လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာကို အတည်ပြုလိုက်တာရယ် ပင်စင်လစာစနစ် ပြောင်းလဲလိုက်တာရယ်ကြောင့် လူထုဆန္ဒပြမှုများက ပနားမားတွင် နက်နဲသော နိုင်ငံရေးနှင့် လူမှုရေး အကျပ်အတည်း ဖြစ်လာပါတယ်။
လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည့် နည်းလမ်းအဖြစ် အစိုးရက အဆိုပါ စာချွန်လွှာကို တင်ပြခဲ့သော်လည်း ပနားမားနိုင်ငံသား အများအပြားက နိုင်ငံတော်၏ အချုပ်အခြာအာဏာ နဲ့ ပြည်တွင်းရေးကို အမေရိကန် ဝင်ရောက်စွက်ဖက်ခြင်းကို ခွင့်ပြုလိုက်တယ်လို့ မြင်လာကြပါတယ်။
ပနားမားတွင် လက်ရှိမငြိမ်မသက်မှုများသည် ဆင်းရဲမွဲတေမှု၊ လူမှုရေးမညီမျှမှုနှင့် အခွင့်အလမ်းနည်းပါးမှု အပါအဝင် ကာလကြာရှည်စွာ ပေါင်းစပ်ထားသော ပြဿနာများမှ အရင်းခံကာ ကျယ်ပြန့်သောဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေခဲ့ပါတယ်။
REF: UPI
https://t.me/MyanmarNationalPost
No comments:
Post a Comment