ဂျပန်မှာ ၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သေစားသေစေ အမိန့်ကို ချပြီး ကွပ်မျက်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျပန်မှာ ၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သေစားသေစေ အမိန့်ကို ချပြီး ကွပ်မျက်ခဲ့



ဇွန် - ၂၇ ( သောကြာနေ့ )

၂၀၁၇ ခုနှစ်က တိုကျိုမြို့တောင်ဘက်ရှိ တိုက်ခန်းတွင် လူကိုးဦးကို သတ်ဖြတ်မှုဖြင့် စီရင်ချက်ချခံခဲ့ရသည့် အသက် ၃၄နှစ်အရွယ် ကြိုးတိုက်အကျဉ်းသားတစ်ဦးအား ကွပ်မျက်ခဲ့ပြီး သုံးနှစ်နီးပါးအတွင်း နိုင်ငံအတွင်း ပထမဆုံး သေဒဏ်ပေးခံခဲ့ရသူဖြစ်လာခဲ့ပါတယ်။ 

တာကာဟီရို ရှီရိုင်ရှီ ကို တိုကျိုထောင် ကြိုးတိုက်မှာ ကွပ်မျက်ခဲ့ကြောင်း ဂျပန်ရုပ်သံ NHK က ဖော်ပြခဲ့ပါတယ်။ သေဒဏ်ကို ကြိုးဆွဲချနည်းနဲ့ပေးခဲ့ပါတယ်။ "သေသေချာချာ ချင့်ချိန်စဉ်းစားပြီးမှ ကွပ်မျက်ဖို့ အမိန့်ပေးခဲ့ တယ်" လို့ တရားရေးဝန်ကြီး  က ကွပ်မျက်ပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်များအား ပြောကြားခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

အမျိုးသမီး ရှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို သတ်ဖြတ်ခဲ့မှုနဲ့ ရှီရိုင်ရှီ ကို ၂၀၂၀ ဒီဇင်ဘာလတွင် သေဒဏ်ချမှတ်ခဲ့တာပါ။ ဒေသခံအမျိုးသမီးတစ်ဦး ပျောက်ဆုံးမှုကို ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းစစ်ဆေးမှု လုပ်စဉ်မှာ ၎င်း၏တိုက်ခန်းတွင် ရုပ်အလောင်းအများအပြားကို ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် တွေ့ရှိခဲ့ပါတယ်။ 

စစ်ဆေးမှုအရ တရာခံ ရှီရိုင်ရှီက ကိုယ့်ကိုယ်ကို သတ်သေလိုသော သူများနဲ့ အွန်လိုင်းပေါ်မှာတွေ့ဆုံခဲ့ပြီး သူက သတ်ပေးတာလို့ သိရပါတယ်။ 

တွစ်တာအပါအဝင် ဆိုရှယ်မီဒီယာတွင် ကိုယ့်ကိုယ်ကို သတ်သေရန် အကြံထုတ်သူများကို ပစ်မှတ်ထားပြီး သူက သူလည်းလိုက်သေပေးမယ်ဆိုပြီး ဆွဲဆောင်ခဲ့ပါတယ်။ စာချုပ်မှာ အတူသေကြမယ်ဆိုတဲ့ ဟန်ဆောင်မှုအောက်မှာ သူတို့ကို သူ့တိုက်ခန်းကိုဆီကို ဆွဲဆောင်ခဲ့ပြီး အဲဒီအစား သူတို့ကို သတ်ပြီး သူတို့ရဲ့အလောင်းတွေကို အပိုင်းပိုင်းဖြတ်လိုက်တာပါ။ သူ့ရဲ့ တိုက်ခန်းကို ရှာဖွေရာမှာ ဦးခေါင်းကိုးလုံးနဲ့ အရိုးရာပေါင်းများစွာကို ရဲတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)