ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကညင်ရေလှောင်တမံသို့ သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကညင်ရေလှောင်တမံသို့ သွားရောက်ကြည့်ရှုစစ်ဆေး



ပုသိမ် ၊  ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မြန်အောင်ခရိုင်၊ အင်္ဂပူမြိူ့နယ်၊ ကညင်ရေလှောင်တမံနှင့်  ကညင်ရေအား လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကညင်ရေလှောင်တမံ၊ ပင်မရေပိုလွှဲသို့ ရောက်ရှိ၍  တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေသိုလှောင်ထားရှိမှု အခြေအနေနှင့် ပင်မရေပိုလွှဲမှ ရေကျော် စီးဆင်းနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဦးစီးအရာရှိ၊ ကညင်ရေလှောင်တမံမှ ရောက်ရှိရေမှတ်မှာ ၂၈၉ ပေ ဖြစ်ပါသဖြင့် ပင်မရေပိုလွှဲမှ ၁ ပေ ရေကျော်စီးဆင်းနေမှု၊ Conduit ရေသွယ်မြောင်း မှ ၁၂" × ၃ ပေါက် ဖွင့်လှစ်ပြီး ရေလျော့ထားရှိမှု၊ ကညင်ရေလှောင်တမံ၏ ပင်မ ရေပိုလွှဲမှ ယခင်နှစ်တွင် ၉ ပေအထိ အများဆုံး ရေကျော်စီးဆင်းခဲ့မှုနှင့် မိုးရာသီကာလအတွင်း အလှည့်ကျ ၂၄ နာရီ ရေကင်းတာဝန် ရေးဆွဲဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား  ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရောက်ရှိရေမှတ်များကို စနစ်တကျ မှတ်တမ်းထားရှိရေး၊ မိုးရာသီကာလအတွင်း ရေကင်းတာဝန်များကို စနစ်တကျဆောင်ရွက်ရေးမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကညင်ရေလှောင်တမံတွင် ဆောင်ရွက်လျက်ရှိသည့် ကညင်ရေအားလျှပ်စစ်စီမံကိန်း၊ Intake Tower (ရေယူအဆောက်အဦ) တည်ဆောက်ရေး လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ စီမံကိန်းတာဝန်ခံမှ Leading Channel (ရေသွယ်မြောင်း) မှတဆင့် Intake Tower (ရေယူအဆောက်အဦ) မှရေအား ၃.၆ မီတာရှိသော Penstock Pipe (ရေသွယ်ပိုက်လိုင်း)ဖြင့် Powerhouse (ဓါတ်အားထုတ်စက်ရုံ)သို့ သွယ်ယူ၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်သွားမည်အခြေအနေများ၊ စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကညင်ရေအားလျှပ်စစ် စီမံကိန်းအား သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးအတွက် အင်တိုက်အားတိုက်ဆောင်ရွက်ရေး၊ စီမံကိန်းလုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေးတို့ကို မှာကြားခဲ့သည်။ အဆိုပါကညင်ရေအားလျှပ်စစ် စီမံကိန်းတစ်ခုလုံး၏ပြီးစီးမှုမှာ ၆၀% ကျော် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)