ကချင်ပြည်နယ် နောင်မွန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် တပ်မတော်မှ ထောက်ပံ့ပေးအပ်သည့် စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ် နောင်မွန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် တပ်မတော်မှ ထောက်ပံ့ပေးအပ်သည့် စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်





နေပြည်တော်၊ ဇွန် ၇

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်မွန်းမြို့နယ်အတွင်းရှိ နောင်မွန်း - ပန်နန်းဒင်သွားမေခမြစ်ကူး (လူကူး) ကြိုးတံတားသည် မေ ၃၁ ရက်တွင် မေခမြစ်ရေ အဆမတန်မြင့်တက်ကာ မြစ်အတွင်း မျောပါသွားခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှုပြတ်တောက်ခဲ့ပြီး အဆိုပါဒေသရှိ ရေဘေးသင့်ပြည်သူများ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် ပျက်စီးခဲ့သည့် ကြိုးတံတားအား ဌာနဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံးပြန်လည်ဆောက်လုပ်ခဲ့ရာ ဇွန် ၄ ရက်တွင် ဆောက်လုပ်ပြီးစီးခဲ့မှုနှင့် နောင်မွန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် မော်တော်ယာဉ်များဖြင့် စားသောက်ဖွယ်ရာများ သွားရောက်ပို့ဆောင်ပေးလျက်ရှိသည်။

ယမန်နေ့က အဆိုပါနောင်မွန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများဖြစ်သည့် တလာထုကျေးရွာ၊ ပန်နန်းဒင်ကျေးရွာနှင့် ရီဒမ်းကျေးရွာတို့ရှိ ဒေသခံပြည်သူ ၂၅၉ ဦးတို့အား တပ်မတော်မှ ထောက်ပံ့ပေးအပ်သည့် ဆန် ၁၁၅ အိတ်၊ ဆီ ၁၇၅ ပိဿာ၊ ဆား ၅၈ ပိဿာ၊ ကုလားပဲ ၃၈၈ ပိဿာ၊ ဆေးဝါးများနှင့် အခြားစားသောက်ဖွယ်ရာများကို နယ်မြေခံတပ်မတော်သားများနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာများသို့ သွားရောက်ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)