ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး “ပညာနှင့်ဘဝအောင်မြင်ရေး လမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး “ပညာနှင့်ဘဝအောင်မြင်ရေး လမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်





ကြံခင်း၊ ဇွန်  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာရေးဆရာ ရဲမြင့်အောင် ရေးသားသော “ပညာနှင့်ဘဝ အောင်မြင်ရေးလမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများနှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် ပြည့်စုံလာစေရန်၊ ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုတများတိုးပွားလာစေရန်၊ လူအများဖြင့် ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်ကာ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မောင်အောင်ဖုန်းခန့်က “လက်တွေ့ မှတ်စုထုတ်ရေး နီးနာများ” ခေါင်းစဥ်ပါအကြောင်းအရာများအား လည်းကောင်း၊ မောင်တိုးခန့်ကျော်က “အချိန်ဆွဲမှု တိုက်ဖျက် ရေး နည်းလမ်းများ” ခေါင်းစဥ်ပါအကြောင်းအရာများအား လည်းကောင်း၊ မဟန်နီသွန်းဆက်က “ဆေးလိပ်နှင့် ဆေးဝါးအလွှဲသုံးမှု” ခေါင်းစဥ်ပါအကြောင်းအရာများအား လည်းကောင်း၊ မဂျူးဝတီနွယ် က “ကျန်းမာရေးနှင့် ညီညွတ်အောင် စားသောက်ပါ” ခေါင်းစဉ်ပါအကြောင်းအရာတို့ဖြင့် အသီးသီး ဖတ်ကြားပြီးနောက်  Book Club အဖွဲ့ဝင် စာရေး ဆရာ မိုးမြေသစ္စာက စာရေးဆရာ ရဲမြင့်သူ ရေးသားသော “ပညာနှင့်ဘဝ အောင်မြင်ရေးလမ်းညွှန်” စာအုပ်၏ စာဖတ်ပရိတ်သတ်အား ပေးချင် သည့် အသိပညာအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများ နားလည်သဘော ပေါက်စေ ရန် အတွက် စာအုပ်၏အနှစ်ချုပ်အား အကျယ်တဝံ့သုံးသပ် ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် မူလွန်(မြို့မတောင်)ကျောင်း၊ Gradr-5 မှ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များ၊ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများပါဝင်သော မူးယစ် ဆေးဝါးအန္တရာယ် အကြောင်းသိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင် စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)