မြစ်ကြီးနား၊ ဇွန် ၂
မြစ်ကြီးနားမြို့ ရပ်ကွက်အများစု ရေကြီးမှုဖြစ်ပေါ်နေကြောင်း သိရသည်။
မြစ်ကြီးနားမြို့မှ ကျောင်းဆရာတစ်ဦး က "မြစ်ကြီးနားမြို့၏ ရပ်ကွက်အများစုသည် ရေကြီးမှုဖြစ်ပေါ်၍ သွားလာမှု မလုပ်နိုင်သောကြောင့် အခြေအနေအရ ကျောင်းပိတ်ထားမည်ဖြစ်ကြောင်း ကျောင်းသားကျောင်းသူများနှင့်မိဘများအားအသိပေးအပ်ပါသည်။ ရေကြီးမှုဖြစ်ပေါ်နေစဉ်ကာလအတွင်း ကျောင်းပိတ်ထားမည်ဖြစ်ပြီး ရပ်ကွက်အများစု ရေပြန်ကျမှာသာ ကျောင်းပြန်ဖွင့်ပါမည်ခင်ဗျား။" ဟု အသိပေး ရေးသားထားသည်။
၎င်း၏ ရေးသားဖော်ပြချက်တွင် "ရာပြည့်ကျောင်းဘက်ထိတော့ ရေမဝင်သေးပါခင်ဗျာ။ အဆောင်နေထိုင်လျှက်ရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် စိတ်ပူစရာမလိုကြောင်း မိဘများအား အသိပေးအပ်ပါသည်။" အသိပေး ရေးသားထားခြင်းဖြစ်သည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့က ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ဧရာဝတီမြစ်ကမ်းဘေးရှိကြက်ပေါင်ခြံရပ်ကွက်၊ ရမ်ပူရပ်ကွက်၊ လယ်ကုန်းရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်နှင့် မြေမြင့်ရပ်ကွက်များအတွင်း ရေများ ၄ ပေမှ ၆ ပေခန့်အထိ ဝင်ရောက်မှုများ ဖြစ်ပေါ် ခဲ့သည်။
အဆိုပါမြစ်ရေဝင်ရောက်မှုဖြစ်ပွားရာနေရာများသို့ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ မြစ်ရေဝင်ရောက်လျက်ရှိသည့် ရပ်ကွက်များမှ ပြည်သူများကို အလှူငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment