မင်္ဂလာဒုံမြို့နယ်၌ သက်ကြီးရွယ်အိုဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကိုယ်ကာယလေ့ကျင့်ခန်းများ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်၌ သက်ကြီးရွယ်အိုဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကိုယ်ကာယလေ့ကျင့်ခန်းများ ဆောင်ရွက်ပေး





မင်္ဂလာဒုံ  ၊ ဇွန် ၆


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သက်ကြီးရွယ်အိုဘိုးဘွားများအား အဓိကကျန်းမာရေးစောင့်ရှောက်‌ပေးသည့်နေ့(ဗုဒ္ဓဟူးနေ့)အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၄ ရက်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကိုယ်ကာယ‌လေ့ကျင့်ခန်းများကို ဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ဝင်းဝင်းမာနှင့် ကျန်းမာရေးဝန်ထမ်းများက သက်ကြီးရွယ်အိုဘိုးဘွားများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြပြီး COVID-19 ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟော ပြောဆောင်ရွက်ပြီးနောက်  လူနာများနှင့်အတူတကွ Chair Exercises ပြုလုပ်ခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မင်းသိန်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)