ရန်ကုန်၊ ဇွန် ၉
လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၁၂လ ရာသီပွဲတော်များအနက် နယုန်လပြည့်နေ့ ဇွန်၁၀ရက်(အင်္ဂါနေ့)နေ့ထူးနေ့မြတ်၌ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကကြီးမှူး၍ ရွှေတိဂုံစေတီတော်ရင်ပြင်၌ မဟာသမယအခါတော်နေ့ အခမ်းအနားကျင်းပပြုလုပ်မည်ဖြစ်သည်။
အဆိုပါနေ့ထူးနေ့မြတ်၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား နံနက် ၅ နာရီတွင် ဆွမ်းတော်ဆက်ကပ်လှူဒါန်းခြင်းနံနက် ၆ နာရီတွင် ရွှေတိဂုံစေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် စောင့်ရှောက်ရေးသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း နံနက် ၆ နာရီခွဲတွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ မဟာသမယအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာတရားတော်များနာကြား၍ ရေစက်သွန်းချအမျှပေးဝေခြင်း နံနက် ၇ နာရီတွင် မဟာသမယနေ့ဖြစ်ပေါ်လာပုံကို ဖော်ကျူးသည့်အနေဖြင့်ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ကပိလဝတ်နှင့်ကောလိယအုပ်စု(၂)စုခွဲ၍ ရွှေတိဂုံစေတီတော် မြတ်ကြီးအားလက်ျာရစ်လှည့်လည်ပူဇော်ပြီးရာဟုထောင့်ချမ်းသာကြီးတန်ဆောင်းတွင်မဟာသမယသုတ်ရွတ်ဖတ်ပူဇော်သည့် အခမ်းအနားကျင်းပခြင်း ငြိမ်းချမ်းရေးအထိမ်းအမှတ်အနေဖြင့် ရင်ပြင်တော်ပေါ်ရှိ ခေါင်းလောင်းများကို တစ်ပြိုင်တည်းတီးခတ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနားများသို့ရဟန်းရှင်လူပြည်သူများပါဝင်ကုသိုလ်ပြုနိုင်ပါကြောင်းရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှသိရသည်။
အောင်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment