ကြံခင်းမြို့နယ်၊ ကြပ်ကွင်းကျောင်းထိုင်ဆရာတော်မှ အမက ကျောင်းသား၊ ကျောင်းသူများ နှင့် Grade-11, Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်များပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်၊ ကြပ်ကွင်းကျောင်းထိုင်ဆရာတော်မှ အမက ကျောင်းသား၊ ကျောင်းသူများ နှင့် Grade-11, Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်များပေးအပ်






ကြံခင်း၊ ဇွန်  ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်ဦ ကြံခင်းမြို့နယ်၊ ကြာအင်းအုပ်စု၊ ကြပ်ကွင်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် Grade-11, Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဗလာ စာအုပ်များပေးအပ်ပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကြပ်ကွင်းကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးနန္ဒဝံသက ဩဝါဒစကား မြွတ်ကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ကျောင်းသုံးပစ္စည်း ဗလာစာအုပ်‌များ ထောက်ပံ့ပေးရခြင်း နှင့်ပတ်သက်၍ ရှင်းပြောကြားသည်။ ထို့နောက် ဆရာတော် ဦးနန္ဒဝံသက အခြေခံပညာမူလတန်း ကျောင်း(ကြပ်ကွင်း)ရှိ ကျောင်းသား၊ ကျောင်းသူ  ၄၇ ဦးနှင့် Grade-11, Grade-12 ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးတို့အား တစ်ဦးလျှင် ဗလာစအုပ် တစ်ဒါဇင် ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကျေးရွာ အုပ်ချုပ်‌ရေးမှူး ဦးလှအောင်က Grade-11, Grade-12 ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးအား တစ်ဦးလျှင် ပညာသင် စရိတ် ငွေကျပ် ၁၅၀၀၀ိ/- ပညာဒါနပေးအပ်ခဲ့သည်။ အဆိုပါ အခမ်းအနားကို ကျောင်းထိုင်ဆရာတော်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ အမက ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)