ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ညောင်တုန်းမြို့နယ်အတွင်းရှိ မြစ်ကမ်းထိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ညောင်တုန်းမြို့နယ်အတွင်းရှိ မြစ်ကမ်းထိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး


ညောင်တုန်း၊ ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦး‌တင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာသို့ ရောက်ရှိ၍ ကုက္ကိုဝကျေးရွာ၏ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း‌ ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်‌ဆေးရာ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ကုက္ကိုဝကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုက္ကိုဝကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ စာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကုက္ကိုဝကျေးရွာ ရတနာသိပ္ပံကျောင်းတိုက် ဆရာတော်အား သွား‌ရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆားမလောက်ကျေးရွာရှိ MASTER FEED MILL အစာတောင့်စက်ရုံသို့ရောက်ရှိ၍ စက်ရုံအားကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူမှ အစာဝောာင့် ထုတ်လုပ်ရာတွင် အသုံးပြုသည့်ကုန်ကြမ်းပစ္စည်းများနှင့် ထုတ်လုပ်မှုအဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့ အမှတ်(၄)ရပ်ကွက်၊ တိုးချဲ့နယ်မြေနှင့် ရန်ကင်းစံရာကျေးရွာအုပ်စု၊ အနောက်ကျွန်းကျေးရွာသို့‌ရောက်ရှိပြီး မြစ်ကမ်းပါးအ‌ခြေအ‌နေများကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေမှူးဦးတိုးအောင်လင်းက မြစ်ကမ်းပါးပြိုကျမှုနှင့် မြစ်ရေစီးဆင်းမှုအ‌ခြေအ‌နေများ၊ မြစ်ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)