အင်းလေးဒေသအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းလေးဒေသအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်





ညောင်ရွှေ  ၊ ဇွန် ၆


မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက အင်အားပြင်းထန်သည့် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်းရှိ ကျေးရွာများ၌ ပြည်လည်ထူထောင်နိုင်ရေးလုပ်ငန်းများကို ဆက်လက်၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ငလျင်ဒဏ်ကြောင့် ညောင်ရွှေမြို့နယ် အင်းလေးဒေသနှင့်ဝန်းကျင်တွင် ဘုရားစေတီ (၁၅)ဆူ၊ ဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီစံကျောင်း (၉)ဌာန၊ ဘုန်းတော်ကြီးကျောင်း (၅၄) ကျောင်း၊ ဌာနဆိုင်ရာအဆောက်အအုံ (၁၁)ဌာန၊ လူနေအိမ်ခြေ (၂၂၉၇)အိမ်၊ လျှပ်စစ်မီးတိုင် (၃၀၂) တိုင်၊ ဟိုတယ် (၁၅)လုံးနှင့် အခြားပစ္စည်းများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်ပြီး ယခုအခါ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ 


အင်းလေးကန်အတွင်းရှိ ငလျင်ဒဏ်ပြင်းထန်စွာခံစားခဲ့သည့် ကျေးရွာများတွင် ထိခိုက်ပျက်စီးသွားသည့် သာသနိကအဆောက်အဦများ၊ လူနေအိမ်များနှင့် အဆောက်အအုံများအား စနစ်တကျရှင်းလင်းခြင်း၊ ယိုင်နဲ့သွားသည့် အဆောက်အုံများအား တည့်မတ်ပြုပြင်ခြင်း၊ အသစ်ပြန်လည်တည်ဆောက်ခြင်းနှင့် အခြားထိခိုက်ပျက်စီးသွားသည့် အခြေခံလူမှုရေးအဆောက်အအုံများနှင့် လုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများအား သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျွမ်းကျင်လုပ်သားများ၊ ဒေသခံပြည်သူများက အင်တိုက်အားတိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြသည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် လိုအပ်နေသူများအတွက် ကျန်းမာရေးဌာနမှ ယာယီဆေးရုံများဖွင့်လှစ်ပြီး တပ်ဖက်/အရပ်ဖက် ဆေးဝါးကုသမှု ကျွမ်းကျင်ဝန်ထမ်းများဖြင့် ပြုစုစောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


စိုင်းအယ်ဘဲ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)