မှတ်ကျောက်တင်ရ သည့် ရွေးကောက်ပွဲဖြစ်အောင် မှန်မှန်ကန်ကန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှတ်ကျောက်တင်ရ သည့် ရွေးကောက်ပွဲဖြစ်အောင် မှန်မှန်ကန်ကန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား


နေပြည်တော်၊ ဇွန် ၂၅

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ တွေ့ဆုံဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို က မှတ်ကျောက်တင်ရ သည့် ရွေးကောက်ပွဲဖြစ်အောင် မှန်မှန်ကန်ကန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ပူးပေါင်းပြီး ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲနှောင်းပိုင်းကာလ ကာလသုံးပိုင်းလုံး၌ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက်များ၊ ပြည်သူလူထုကို အသိပေးရမည့်အကြောင်း အရာများကို အသိပေးနိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် မည်သည့်ပါတီကိုမှဘက်မလိုက်ဘဲ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ၊ မှတ်ကျောက်တင်ရ သည့် ရွေးကောက်ပွဲဖြစ်အောင် မှန်မှန်ကန်ကန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် သတင်းမီဒီယာများမှတစ်ဆင့် ကော်မရှင်၏ဆောင်ရွက်ချက်များကို မှန်မှန်ကန်ကန်သိရှိနိုင်အောင် ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ လမ်းညွှန်စာအုပ်နှင့်စပ်လျဉ်း၍ ပြင်ဆင်၊ ဖြည့်စွက်ဆောင်ရွက်လိုသည့်အချက်များကို ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လမ်းညွှန်စာအုပ်ပါပြင်ဆင်ရန် လိုအပ်မည့်အချက်များ၊ သတင်းမီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို အကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)