မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ ရေလုပ်ငန်းထွက်ကုန်များ ကူဝိတ်သို့ တင်ပို့နိုင်ရေး ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ ရေလုပ်ငန်းထွက်ကုန်များ ကူဝိတ်သို့ တင်ပို့နိုင်ရေး ဆွေးနွေး


ကူဝိတ်၊ ဇွန် ၁၈

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချမ်းအေးသည် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာနတာဝန်ခံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Ambassador Sameeh Essa Johar Hayat  အား ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၏ရုံးခန်း၌ သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် သံအမတ်ကြီးက မြန်မာနိုင်ငံတွင် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ ရေလုပ်ငန်းထွက်ကုန်များ ကူဝိတ်သို့ တင်ပို့နိုင်ရေးကိစ္စများအပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရန်ကိစ္စရပ်များနှင့် အာဆီယံ-GCC ပူးပေါင်းဆောင်ရွက်ရေးမူဘောင်အောက်မှ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)