အာဆီယံ-ဂျပန်စင်တာ၏ (၄၅) ကြိမ်မြောက် ကောင်စီဒါရိုက်တာများ၏ ပထမအကြိမ် အစည်းအဝေးသို့ မြန်မာကောင်စီဒါရိုက်တာ သံအမတ်ကြီး ဦးစိုးဟန် ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံ-ဂျပန်စင်တာ၏ (၄၅) ကြိမ်မြောက် ကောင်စီဒါရိုက်တာများ၏ ပထမအကြိမ် အစည်းအဝေးသို့ မြန်မာကောင်စီဒါရိုက်တာ သံအမတ်ကြီး ဦးစိုးဟန် ပါဝင်တက်ရောက်



တိုကျို၊ ဇွန် ၁၈

အာဆီယံ-ဂျပန်စင်တာ(ASEAN-Japan Centre)၏ (၄၅)ကြိမ်မြောက် ကောင်စီဒါရိုက်တာများ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် ကျင်းပခဲ့ရာ အစည်းအဝေးသို့ အာဆီယံ-ဂျပန်စင်တာ၏ မြန်မာနိုင်ငံဆိုင်ရာ ကောင်စီဒါရိုက်တာဖြစ်သူ သံအမတ်ကြီး ဦးစိုးဟန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့သည်။ 

အဆိုပါ ကောင်စီဒါရိုက်တာ အစည်းအဝေးအား ဘရူနိုင်းနိုင်ငံ၏ ကောင်စီဒါရိုက်တာဖြစ်သူ      Dr. May Fa’ezah Ahmad Ariffin က သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကောင်စီဒါရိုက်တာများ၊ ဂျပန်နိုင်ငံ၏ ကောင်စီဒါရိုက်တာဖြစ်သူ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အရှေ့တောင်အာရှနှင့်အနောက်တောင်အာရှရေးရာဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. MIYAMOTO Shingo၊ အာဆီယံ-ဂျပန်စင်တာအတွင်းရေးမှူးချုပ် Dr. Kunihiko Hirabayashi နှင့်ဘာသာရပ်ဆိုင်ရာ တာဝန်ခံ များ၊ ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စုစုပေါင်း ကိုယ်စားလှယ်(၄၉)ဦး တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အာဆီယံ-ဂျပန်စင်တာမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် ဘဏ္ဍာငွေလျာထားဆောင်ရွက်သွားမည့် အခြေအနေ များ၊ အာဆီယံ-ဂျပန်စင်တာတည်ထောင်မှုဆိုင်ရာ သဘောတူညီချက် ဒုတိယအကြိမ် ပြင်ဆင်ချက် စာချုပ်ကို အတည်ပြုနိုင်ရေးအတွက် ပြည်တွင်းလုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ များနှင့်စပ်လျဉ်း၍ အဓိကထားဆွေးနွေးခဲ့ကြသည်။  

အစည်းအဝေးတွင် မြန်မာကောင်စီဒါရိုက်တာ သံအမတ်ကြီး ဦးစိုးဟန်မှ ၂၀၂၆ ဘဏ္ဍာနှစ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများနှင့် အာဆီယံ-ဂျပန်စင်တာ တည်ထောင်မှုဆိုင်ရာ သဘောတူညီချက် ဒုတိယအကြိမ် ပြင်ဆင်ချက်စာချုပ်ကို အတည်ပြုနိုင်ရေး အတွက် ပြည်တွင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားခဲ့သည်။

အာဆီယံ-ဂျပန်စင်တာ (ASEAN-Japan Centre) ၏ (၄၅) ကြိမ်မြောက် ကောင်စီဒါရိုက်တာများ၏ ပထမအကြိမ်အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)