မြောက်ဥက္ကလာပ၊ ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် တွင် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ( Pfizer)JN1ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံး တွင် ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင် ကြီးကြပ်၍ မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက်ရှိသူများ ၊ သက်ကြီးရွယ်အိုများ ၊ ဌာနဆိုင်ရာများအား ကာကွယ်ဆေးရရှိသည့်အပေါ်မူတည်၍ ဦးတည်အုပ်စုများအလိုက် ကိုဗစ် ၁၉ ကာကွယ်ဆေး( Pfizer)JN1 ကို ရုံးချိန်အတွင်း ထိုးနှံပေးလျှက်ရှိသည်။ အဆိုပါ Pfizer COMIRNATY JN-1 ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများအလိုက် စိစစ်၍ထိုးနှံပေးလျက်ရှိရာ ၂၀၂၅ ခုနှစ် မေ ၂၅ ရက်နေ့မှ ဇွန် ၁၈ ရက်နေ့ထိ Pfizer XBB- (၁၇၂၉) doses နှင့် Pfizer JN1-(၂၈၃၂) doses စုစုပေါင်း (၄၅၆၁) doses ထိုးနှံပေးပြီးဖြစ် ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment