နေပြည်တော်၊ ဇွန် ၁၅
နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ ဇွန်လ ၁၄ ရက်နေ့က လျှပ်စစ် မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား ၂ ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် ပညာသိဒ္ဓိရပ်ကွက် အရောက်၌ လူနေထိုင်ခြင်းမရှိသည့် တိုက်အမှတ်(၂၇)ပေါ်မှ အသံကြားရ၍ တက်ရောက် စစ်ဆေး ခဲ့ရာ လျှပ်စစ်မီးကြိုးများဖြတ်တောက်ခိုးယူနေသည့် ဥတ္တရသီရိမြို့နယ်၊ ငန်းစပ်ကျေးရွာနေသူများ ဖြစ်ကြသည့် ဇော်ဇော်အောင်(၃၉)နှစ်နှင့် ထက်လင်းကို(၂၅)နှစ်တို့ ၂ ဦးအား လျှပ်စစ်မီးကြိုး ၁၁ ပိသာခန့်နှင့် လျှပ်စစ်မီးကြိုးဖြတ်တောက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ၂ ဦးအား ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)နယ်မြေရဲစခန်း (ပ)၁၉/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment