ဇွန် - ၁၇ ( အင်္ဂါနေ့ )
ဗြိတိန်အလယ်တန်းကျောင်းဆရာ ဂျေမီဗာလေး နဲ့ သူ့ချစ်သူ ဂျွန်မက်ဂိုဝမ်ဖာဇာကာလေး တို့ကို အသက် ၁၃ လသားအရွယ် ကလေးငယ်အား လူသတ်မှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတို့ဖြင့် စွဲချက်တင်ထားပါတယ်။
၂၀၂၃ ခုနှစ်တုန်းက ဘလက်ပူးလ် ဗစ်တိုးရီးယား ဆေးရုံတွင် သေဆုံးကြောင်း ကြေငြာပြီးနောက် နှစ်နှစ်နီးပါး အကြာ မနေ့က ( တနင်္လာနေ့မှာ ) ပရက်စတန် ခရောင်း တရားရုံး မှာ အဲ့ဒိစုံတွဲကို ရုံးထုတ်စစ်ဆေးမှု စတင်ခဲ့ တာပါ။ တရားခံနှစ်ဦးစလုံးကို ကနဦးကဖမ်းဆီးခဲ့သော်လည်း နောက်ပိုင်းတွင် အာမခံဖြင့်ပြန်လွှတ်ပေး ထားခဲ့တာပါ။
လန်ကတ်ရှိုင်းယား ရဲတပ်ဖွဲ့က နောက်ပိုင်းတွင် ဗာလေးကို လူသတ်မှု၊ ၁၃နှစ်အောက် ကလေးငယ် ၂ယောက်ကို စအိုထဲကို ထိုးထည့်မှု နှင့် ကလေး၅ ဦးအပေါ် လိင်ပိုင်း ဆိုင်ရာ ရက်စက်မှု ငါးမှု အပါအဝင် ပြစ်မှုများစွာဖြင့် ပြန်လည်ဖမ်းဆီးပြီး တရားစွဲဆိုခဲ့ပါတယ်။ ညစ်ညမ်းသောဓာတ်ပုံများရိုက်ခြင်း၊ ပုံဖြန့်ဝေခြင်းနှင့် လွန်ကဲသော ညစ်ညမ်းရုပ်ပုံများကို လက်ဝယ်ပိုင်ဆိုင်ခြင်းအပြင် အခြားသောပြစ်မှုများဖြင့်လည်း စွဲချက်တင်ခံထားရ ပါသေးတယ် ။
၎င်း၏တွဲဖက်တရားခံ ချစ်သူကို ကလေးတစ်ဦးသေဆုံးစေမှု၊ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ကလေးအပေါ် ရက်စက်ကြမ်းကြုတ်မှု ၂ မှုတို့ဖြင့် တရားစွဲဆိုထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ စွဲချက်အားလုံးက သေဆုံးသွားတဲ့ ၁၃ လသားအရွယ် ကလေးနဲ့ သက်ဆိုင်ကြောင်း အာဏာပိုင်များက မှတ်ချက်ပြုထားပါတယ်။
တနင်္လာနေ့ အတိုချုံးကြားနာမှုတွင် တရားရေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ တရားသူကြီး ရောဘတ် အယ်လ်သမ် က ၂၀၂၆ ဧပြီလ ၁၄ ရက်နေ့မှာ နောက်ထပ်ရုံးချိန် လုပ်မယ်လို့ သက်မှတ်ခဲ့ပါတယ်။ တရားခံ နှစ်ဦးစလုံးကို ထိန်းသိမ်းထားပြီး အောက်တိုဘာလတွင် အယူခံကြားနာဖို့အတွက် စောင့်ဆိုင်းနေကာ အကျဉ်းထောင်တွင် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ဒေသတွင်း နေ့စဉ် ဘလက်ပူးလ်ဂေးဇတ် က ဆိုပါတယ်။
တရားသူကြီးကတော့ တရားရေးဆိုင်ရာ ကြန့်ကြာမှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ သက်သေများ အားလုံးစုံတဲ့အထိ စုဆောင်းနေကြောင်း၊ အနာဂတ်တရားစွဲဆိုမှုများ အတွက် အဆင်သင့်ဖြစ်နေကြောင်း ဆိုတယ်လို့ ဒေသခံ မီဒီယာတွေက တနင်္လာနေ့တွင် ရေးသားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment