Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများအား PDF အမည်ခံအကြမ်းဖက်သမားများက ထပ်မံခြိမ်းခြောက်မှုများကြောင့် စာမေးပွဲ ဆက်လက်မဖြေဆိုဘဲ နေရပ်သို့ပြန်လည်ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများအား PDF အမည်ခံအကြမ်းဖက်သမားများက ထပ်မံခြိမ်းခြောက်မှုများကြောင့် စာမေးပွဲ ဆက်လက်မဖြေဆိုဘဲ နေရပ်သို့ပြန်လည်ထွက်ခွာ


နေပြည်တော်၊ ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး) စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုလျက်ရှိသည့် ကုလားတဲကျေးရွာအခြေခံ ပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား/ ကျောင်းသူ ၉ ဦး၏ မိဘများအား PDF အမည်ခံ အကြမ်းဖက်သမားများက ဇွန် ၁၆ ရက် နံနက်ပိုင်း မြန်မာစာဘာသာရပ် ဖြေဆိုပြီးသည့်နောက် ထပ်မံ ခြိမ်းခြောက်မှုများပြုလုပ်လာသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို ဆက်လက်ဖြေဆိုခြင်းမရှိတော့ဘဲ ၎င်းတို့၏ နေရပ်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများသည် ညောင်ဦးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ရောက်ရှိတည်းခိုနေထိုင်လျက်ရှိသည့် ကုလားတဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူ ၉ ဦး၏ မိဘများအား PDF အမည်ခံ အကြမ်းဖက်သမားများက ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သဖြင့် ဇွန် ၁၄ ရက်တွင် မခင်သက်ထား၊ မဂျူးဂျူးစုလှိုင်၊ မတိုးအိဝေ၊ မယမင်းသူ၊ မမြမြသက်၊ မောင်ချမ်းမြေ့အောင်တို့ ၆ ဦး ကို မိဘများက ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ ကျောင်းသား၊ ကျောင်းသူ ၆ ဦး အပါအဝင် ကျန်ကျောင်းသား၊ ကျောင်းသူများ ဖြစ်သည့် မောင်အာကာချမ်းမြေ့ကျော်၊ မောင်ထွန်းနိုင်လင်းနှင့်၊ မောင်တင်ဦးလှိုင် တို့ ၃ ဦးကိုပါ စာမေးပွဲကို အဆင်ပြေချောမွေ့စွာနှင့် လုံခြုံစွာဖြေဆိုနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်ပေါင်းစပ်ညှိနှိုင်း၍ စီစဉ်ဆောင်ရွက် ပေးခဲ့သဖြင့် ဇွန် ၁၆ ရက်တွင် နံနက်ပိုင်းတွင် မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရှိရသည်။

မြန်မာစာဘာသာရပ် ဖြေဆိုအပြီးတွင် အဆိုပါ ကျောင်းသား၊ ကျောင်းသူ ၉ ဦး တို့၏ မိဘများအား PDF အမည်ခံ အကြမ်းဖက်သမားများက ထပ်မံခြိမ်းခြောက်မှုများကြောင့် တက္ကသိုလ် ဝင်စာမေးပွဲကို ဆက်လက်ဖြေဆိုနိုင်ခြင်းမရှိတော့ဘဲ ညနေပိုင်းတွင် ၎င်းတို့၏နေရပ်သို့ မိဘများနှင့် အတူ ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်မှ ကျောင်းသားမိဘများအား ခြိမ်းခြောက်ခြင်းများလုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)