ဇွန် - ၉ ( တနင်္လာနေ့ )
ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းသားများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့ရန် ကြိုးပမ်းနေသည့် အရပ်သားရွက်သင်္ဘော မက်ဒလင်း က အမှုထမ်းများကို အစ္စရေးရေတပ် က ကြားဖြတ် ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။ အဲဒိ သင်္ဘောပေါ်မှာ ကမ္ဘာကျော်ရာသီဥတုအရေး လှုပ်ရှားသူ ဂရိတာသန်ဘာဂ်၊ ဥရောပပါလီမန်အဖွဲ့ဝင် ပြင်သစ်သူ ရီမာဟတ်ဆန် နဲ့ အိုင်ယာလန် သရုပ်ဆောင် လီယမ်ကန်နင်ဂဟမ် တို့ လိုက်ပါလာခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်မှု ညွှန့်ပေါင်းအဖွဲ့ (FFC) မှ စီစဉ်တဲ့ အဲ့ဒိ သင်္ဘောအား နိုင်ငံတကာ ရေပိုင်နက်တွင် တနင်္လာနေ့ အစောပိုင်းက အစ္စရေးရေတပ်က ကြားဖြတ် တားဆီးခဲ့ပြီး အစ္စရေး ဆိပ်ကမ်း အက်ရှ်ဒေါ့ သို့ ဆွဲခေါ်သွားတာပဲ ဖြစ်ပါတယ်။ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆိုပါ ထိန်းသိမ်းမှုကို အတည်ပြုခဲ့ပြီး သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ လှုံ့ဆော်ရေးသမားတွေကို ကိုယ့်နိုင်ငံ ကိုယ်ပြန်ကြရန်အတွက် စီစဉ်ပေးနေတယ် လို့ ဆိုပါတယ်။
"သင်္ဘောပေါ်က ခရီးသည်များအားလုံးဘေးကင်းလုံခြုံပြီး ထိခိုက်မှုမရှိပါ။ ၎င်းတို့ကို အသားညှပ်ပေါင်မုန့်များနဲ့ ရေများပေးဆောင်ထားပါတယ်။ အခုလုပ်နေတဲ့ ပြပွဲက ပြီးသွားပါပြီ" လို့ နိုင်ငံခြားရေး ၀ န်ကြီးဌာနက X မီဒီယာမှာ ရေးသားခဲ့ပါတယ်။
သူတို့ကို ဖမ်းဆီးမှု မပြုလုပ်ခင် အစ္စရေး စစ်တပ်က ဒရုန်းတိုက်ခိုက်မှု နဲ့ ရဟတ်ယာဉ်ပေါ်ကနေ ဓာတုဆေးရည်တွေ ပတ်ဖြန်းမှု လုပ်ခံခဲ့ရတယ်လို့ ရွက်သင်္ဘော မာလိန်မှူးက မီဒီယာတွေကို တယ်လီဖုန်းဆက်ပြီး ပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment