ဟုမ္မလင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာအောင်ဆုနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟုမ္မလင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာအောင်ဆုနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ


ဟုမ္မလင်း၊ ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်ရှိ စာ‌ဖြေဌာနတွင်၊ ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာ‌တော်များအား၊ စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ရတနာမြတ်သုံးပါအား ရှိခိုးကန်တော့ကာ ပါဠိပထမပြန်စာမေးပွဲ ကျင်းပရေးကာ်မတီဥက္ကဋ္ဌ ဘဒ္ဒန္တစန္ဒိမာ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပင့်သံဃာ(၅)ပါးအား ဟုမ္မလင်းလေတပ်စခန်း‌ဌာနချုပ်မှူး၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် မြတ်မင်းသန်း၊ အမှတ်(၃)ရှေ့တန်းအ‌ခြေချစစ်ဗျူဟာ ဗျူဟာမှူး ဗိုလ်မှူးကြီး ၀ဏ္ဏအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်တို့က လှူဖွယ်၀တ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာဖြေဆိုအောင်မြင်ခဲ့သော စာအောင်သံဃာတော်/ သီလရှင် စုစုပေါင်း (၂၈)ပါးအား စာအောင်လက်မှတ်နှင့် စာ‌အောင်ဆုများကို ဟုမ္မလင်းလေတပ်စခန်း‌ဌာနချုပ်မှူး၊ တပ်နယ်မှူးဗိုလ်မှူးချုပ် မြတ်မင်းသန်း၊ အမှတ်(၃) ရှေ့တန်းအ‌ခြေချ စစ်ဗျူဟာဗျူဟာမှူး ဗိုလ်မှူးကြီး၀ဏ္ဏအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံအလှူရှင်များက အသီးသီးဆက်ကပ်လှူဒါန်းခဲ့၍ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော် ဘဒ္ဒန္တဇဋိလထံမှ လှူဒါန်းမှုတို့အတွက် ရေစက်ချအနုမောဒနာတရား နာယူကြည်ညို၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းနှင့် ပင့်သံဃာတော်များ၊ စာအောင်လက်မှတ်ရ သံဃာတော်များ၊ ဟုမ္မလင်းနှင့်ဖောင်းပြင်စာဖြေ ဌာနတွင် ပထမပြန်စာမေးပွဲဖြေဆိုနေသည့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)