ဇွန် - ၉ ( တနင်္လာနေ့ )
ဥရောပနေတိုးမဟာမိတ်များက ရုရှားနဲ့ စစ်ရေးတင်းမာမှုများဖြစ်နေပြီး တိုက်ရိုက်ထိပ်တိုက်တွေ့လာနိုင်စရာ အကြောင်းရှိနေတာဖြစ်လို့ ဂျာမနီက အရပ်ဘက်ကာကွယ်ရေး အခြေခံအဆောက်အအုံများ တိုးချဲ့တဲ့ လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေပြီး ခေတ်မီအရန်အစီအစဥ်များကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ဖက်ဒရယ်မြို့ပြကာကွယ်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ကူညီစောင့်ရှောက်ရေးရုံး (BBK) အကြီးအကဲ ရော်ဖ် တိုင်စလာ က ပြောကြားခဲ့ပါတယ်။
လက်ရှိမှာက ဂျာမနီတွင် စစ်ဖြစ်ရင် ခိုလှုံဖို့ လူပေါင်း ၅သိန်း ခန့်အတွက် အခန်းပေါင်း ၅၈၀ သာရှိပြီး လူဦးရေ၏ ၁% အောက်သာရှိပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က နိုင်ငံ၏မီဒီယာများနှင့် တွေ့ဆုံမေးမြန်းခန်းများတွင် BBK က မြေအောက်ကားဂိုဒေါင်များ၊ မြေအောက်ဥမင်လိုဏ်ခေါင်းများနှင့် လူပေါင်းတစ်သန်းကို အစားအစာ၊ အိမ်သာများနှင့် အိပ်ရာနေရာများပါရှိသော အမိုးအကာများအဖြစ် ပြောင်းလဲရန် စီစဉ်နေကြောင်း တိုင်စလာ ပြောပါတယ်။
"အမြင့်ဆုံးကာကွယ်မှုစံနှုန်းများရှိသော ကတုတ်ကျင်းအသစ်များက ငွေကြေးများစွာကုန်ကျပြီး အချိန်ယူပါတယ်။ ကျနော်တို့က ပိုမိုမြန်ဆန်တဲ့ ဖြေရှင်းနည်းများ လိုအပ်ပါတယ်။ ယခုနွေရာသီနှောင်းပိုင်းမှာ အပြီး သတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်"လို့ ဆိုပါတယ်။
"မြေအောက်ခန်းတိုင်းနီးပါးသည် တိုက်ခိုက်မှုဖြစ်ပွားသည့်အခါ ဘေးကင်းလုံခြုံသောနေရာတစ်ခု ဖြစ်လာနိုင်ပါတယ် အဲဒိနေရာမှာ အချိန်ကြာမြင့်စွာ ခိုလှုံနေထိုင်ရန် ပြင်ဆင်ထားပါတယ်” လို့ ဆိုပါတယ်။
စစ်ဖြစ်ပြီဆိုပါက ရုရှားက ဘာလင်ကို စပြီး ရွေးချယ်တိုက်ခိုက်နိုင်ကြောင်း၊ ဂျာမန်ဆေးရုံများသည် အစုလိုက်အပြုံလိုက် အသေအပျောက်များကို ကုသနိုင်စွမ်းအတွက် အကဲဖြတ်ခံနေရပြီး ကျန်းမာရေးစနစ်သည် စစ်အတွင်း တစ်နေ့လျှင် လူနာပေါင်း ၁,၀၀၀ အထိ ထပ်မံရင်ဆိုင်ရနိုင်ကြောင်း ဆိုပြီး အခြားအစီအစဥ်များတွင် နိုင်ငံတစ်ဝန်းသတိပေးသည့် ဥသြအရေအတွက်ကို နှစ်ဆတိုးခြင်း၊ ဒုံးကျည်ပစ်လွှတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များ ပါ၀င်စေရန် အရေးပေါ်အက်ပ်များကို အဆင့်မြှင့်တင်ခြင်းနှင့် နိုင်ငံတော်၏ ဝန်ထမ်းလိုအပ်ချက်တစ်ရပ်ကို မိတ်ဆက်ခြင်းတို့ ပါဝင်ခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment