ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ခုနှစ် အစိုးရ ပါဠိပထမပြန် စာမေးပွဲ စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ခုနှစ် အစိုးရ ပါဠိပထမပြန် စာမေးပွဲ စတင်ဖြေဆို


ပုသိမ်ကြီး၊ ဇွန် ၄

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ၂၀၂၅ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ စတင်ဖြေဆိုခြင်းကို ယနေ့မွန်းလွဲ ၁၂ နာရီက ရန်ကင်းတောင်ခြေရှိ သီရိမင်္ဂလာ သရက်တောကျောင်းတိုက်၌ ကျင်းပသည်။

အစိုးရ ပါဠိပထမပြန်စာမေးပွဲဖြေဆိုနိုင်ရေး ဩဝါဒစရိယ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဥတ္တမနှင့် မြို့နယ်သံဃနာယက ဆရာတော်များ ကြွရောက်တော်မူ၍ ကြီးကြပ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လိုအပ်သည်များအား ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး၊ ပထမကြီးတန်း (၇၅) ပါး၊ ပထမလတ်တန်း (၉၅) ပါး၊ ပထမငယ်တန်း (၂၁၄) ပါး၊ အခြေပြုမူလတန်း (၃၄၀) ပါး၊ စုစုပေါင်း ဖြေဆိုရန်စာရင်းသွင်းထားသည့် သံဃာတော်၊ သီလရှင် (၇၂၄) ပါး ရှိခဲ့ရာ ယနေ့ကြွရောက်ဖြေဆိုသည့် သံဃာတော်၊ သီလရှင်များမှာ ပထမကြီးတန်း (၆၇) ပါး၊ ပထမလတ်တန်း (၆၉) ပါး၊ ပထမငယ်တန်း (၁၅၈) ပါး၊ အခြေပြုမူလတန်း (၂၅၄) ပါး၊ စုစုပေါင်း (၅၄၈)ပါး၊ ပျက်ကွက် (၁၇၆)ပါး ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)