ဒုတိယဝန်ကြီး ဦးမြင့်စိုး ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင်ကြီးဒေသ သမဝါယမအသင်းများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင်ကြီးဒေသ သမဝါယမအသင်းများနှင့် တွေ့ဆုံ


နေပြည်တော်၊ ဇွန် ၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်နှင့်အတူ ယမန်နေ့က ကရင်ပြည်နယ် ဘားအံမြို့နယ် လှာကမြင်ကျေးရွာအုပ်စုသို့ သွားရောက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ပါရမီတံတားအဝင်လမ်း အရှည်တစ်မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ရသဝေါ်အင်းအဝင်လမ်းခုနစ်ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ဘားအံမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ သွားရောက်၍ လက်ရက်ကန်းခြောက်လသင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းတက်ရောက်နေကြသော သင်တန်းသူများ၊ သင်တန်းကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရိုးရာကို အခြေခံသော တီတွင်ဆန်းသစ်မှုများ ပြုလုပ်ရန်၊ သဘာဝဆိုးဆေး Eco Printing ပညာရပ်ကို သင်တန်းသား သင်တန်းသူများ လေ့လာသိရှိနိုင်အောင် သင်ကြားပြသပေးရန်မှာကြားပြီး သင်တန်းကျောင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း VDP ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ဒုတိယဝန်ကြီးက ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာအတွက် စီမံကိန်းရန်ပုံငွေကျပ် သိန်း ၁၅၀ စီကိုလည်းကောင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လှိုင်းဘွဲ့မြို့နယ်အတွင်း ရှိကျေးရွာနှစ်ရွာအတွက် စီမံကိန်းရန်ပုံငွေကျပ် သိန်း ၁၅၀ စီကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က သံတောင်ကြီးမြို့နယ်အတွင်းမှ ကျေးရွာတစ်ရွာအတွက် စီမံကိန်းရန်ပုံငွေကျပ် သိန်း ၁၅၀ စီကိုလည်းကောင်း ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဝန်ကြီးဌာနအောက် ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဘားအံမြို့သမဝါယမဦးစီးဌာနရုံး၌ ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင်ကြီးဒေသစိုက်ပျိုးရေး သမဝါယမအသင်းများမှ အသင်းသားတောင်သူ ၉၆ ဦးနှင့်တွေ့ဆုံ၍ သမဝါယမအသင်းများသို့ အထွက်တိုးမျိုးစပါးများနှင့် သွင်းအားစုများကိုလည်းကောင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အစေ့ချကိရိယာများကိုလည်းကောင်း ထောက်ပံ့ပေးအပ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)