ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့် ဖြစ်စေ အနည်းဆုံး ၃ ဦးဖြင့် ဖွဲ့စည်းရမည် ဟု ပြင်ဆင်သတ်မှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့် ဖြစ်စေ အနည်းဆုံး ၃ ဦးဖြင့် ဖွဲ့စည်းရမည် ဟု ပြင်ဆင်သတ်မှတ်


နေပြည်တော်၊ ဇွန် ၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၄၀ /၂၀၂၅ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေအား ၂ဝ၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ဤထုတ်ပြန်ချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၄ ကို အောက်ပါအတိုင်း အစားထိုး ရမည် -

“၁၄။ ကော်မရှင်သည် ပုဒ်မ ၁၀ ပုဒ်မခွဲ(ဂ)အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့် ဖြစ်စေ အနည်းဆုံး ၃ ဦးဖြင့် ဖွဲ့စည်းရမည်။ ယင်းပုဂ္ဂိုလ်များအနက် သင့်လျော်သူတစ်ဦးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရမည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိကို အတွင်းရေးမှူး အဖြစ် တာဝန်ပေးအပ်ရမည်။" ဟု ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို တတိယအကြိမ်ပြင်ဆင် သည့်ဥပဒေ အဖြစ် ထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)