ပါလက်စတိုင်းထောက်ခံသူတွေကို အကြမ်းဖက်ဆိုပြီး ဗြိတိန်က သက်မှတ်တော့မယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပါလက်စတိုင်းထောက်ခံသူတွေကို အကြမ်းဖက်ဆိုပြီး ဗြိတိန်က သက်မှတ်တော့မယ်


ဇွန် - ၂၅ ( ဗုဒ္ဓဟူးနေ့ ) 

စစ်လေတပ်စခန်းတစ်ခုရဲ့ ခြံစည်းရိုးကိုဖျက်ကာ စစ်လေယာဉ်တစ်စင်းရဲ့ အင်ဂျင်ထဲသို့ ဆေးများဖြန်းခဲ့တဲ့ ဖြစ်ရပ်တစ်ခုအပြီးတွင် ပါလက်စတိုင်းလိုလားသော တက်ကြွလှုပ်ရှားသူအုပ်စုအား အကြမ်းဖက်အဖွဲ့အစည်း အဖြစ် သက်မှတ်ရန် ဗြိတိန်အစိုးရကို လွှတ်တော်အမတ်များက တောင်းဆိုသွားမယ်လို့ သိပါတယ်။ 

ယူကေပြည်ထဲရေးဝန်ကြီး ဝိုင်ဗတ်တီ ကူပါ က အဆိုပါအစီအစဉ်ကို တနင်္လာနေ့တွင် အတည်ပြုခဲ့ပြီး အဆိုပြုချက်ကို လာမည့်သီတင်းပတ်တွင် တင်သွင်းမည်ဖြစ်ကြောင်း ပါလီမန်သို့ စာရေးသားခဲ့ပါတယ်။ ဘရိုင်ဇီးနော်တန် အခြေစိုက်စခန်းရှိ "အရှက်ရဖွယ်တိုက်ခိုက်မှု" ကို "လက်မခံနိုင်သော ရာဇဝတ်မှုဆိုင်ရာ ပျက်စီးဆုံးရှုံးမှု သမိုင်းရှည်၏ နောက်ဆုံး" အဖြစ်ဖော်ပြခဲ့ပါတယ်။ အကယ်၍ ပါလီမန်က အတည်ပြုခဲ့ပါက ပါလက်စတိုင်းလှုပ်ရှားမှုအတွက် အဖွဲ့ဝင်ဖြစ်ရန် သို့မဟုတ် ပါလက်စတိုင်းလှုပ်ရှားမှုကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခြင်းသည် တရားမဝင်ဖြစ်တော့မှာ ဖြစ်ပါတယ်။ 

၂၀၂၀ ခုနှစ်တွင် တည်ထောင်ခဲ့သော Palestine Action အဖွဲ့သည် အစ္စရေးအတွက် ဗြိတိန်၏ စစ်ရေးပံ့ပိုးမှုကို အနှောင့်အယှက်ဖြစ်စေရန် ကြိုးပမ်းခဲ့ပါတယ်။ အဆိုပါအဖွဲ့သည် အစ္စရေးလက်နက်ထုတ်လုပ်သည့် Elbit Systems ကုမ္ပဏီ လုပ်ကိုင်သည့် ဒေသတွင်းလက်နက်စက်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး ဆက်လက်လုပ်ဆောင်နေတဲ့ စစ်ရေးလှုပ်ရှားမှုများကို ထိပ်တိုက် ရင်ဆိုင်ရေး နည်းဗျူဟာများသုံးခဲ့တာနဲ့ ပတ်သက်ပြီး ထောက်ခံမှုရရှိခဲ့ပါတယ်။ 

ယူကရိန်း၊ နေတိုးနိုင်ငံများနှင့် အခြားမိတ်ဖက်နိုင်ငံများထံ လက်နက်ထောက်ပံ့မှုကို နှောက်ယှက်အောင် လုပ်နေခြင်းဖြင့် အဲ့ဒိအဖွဲ့ရဲ့ လုပ်ဆောင်ချက်သည် အမျိုးသားလုံခြုံရေးကို ထိခိုက်စေတယ်လို့ ကူပါက စွပ်စွဲခဲ့ပါတယ်။ ၎င်းတို့ရဲ့  လုပ်ရပ်တွေက "ဘေးလွတ်ရာသို့ ထွက်ပြေးလာကြသော အပြစ်မဲ့ပြည်သူလူထု အပေါ် အကြမ်းဖက်မှု ပိုတိုးလာအောင် လုပ်နေသလိုဖြစ်နေတယ်" လို့လည်း စွပ်စွဲပါထားပါတယ်။ 

အဲ့ဒိအဖွဲ့ကတော့ ကူပါးရဲ့လွှတ်တော်တင်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ စာထဲမှာ "ကျနော်တို့က စစ်လေယာဉ်တွေကို ဆေးနီတွေ ဖြန်ခဲ့တယ်။ ဒါကို ရာဇဝတ်မှုလို့ သက်မှတ်နေ ကြတယ်။ တကယ့်ရာဇဝတ်မှုက အစ္စရေးကိုရောက်သွားတဲ့ ယူကေရဲ့ စစ်လေယာဉ်တွေက လူတွေကိုသတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတာပါ။ အဲ့ဒိအမှုက ယူကေအစိုးရဆီကို တိုက်ရိုက်ပတ်သက်လာနိုင်ပါတယ်" လို့ ပါရှိပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)