ကျွန်းလှ၌ ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် သဏ္ဌန်တူဇာတ်တိုက်လေ့ကျင်းခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှ၌ ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် သဏ္ဌန်တူဇာတ်တိုက်လေ့ကျင်းခြင်းဆောင်ရွက်

 



ကျွန်းလှ ၊  ဇွန် ၂၅


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် သဏ္ဌန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပသည်။


ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဖြိုးသန့်ဇင်ထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြတ်မိုးဆန်းနှင့် မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်လင်းဟန်တို့က ငလျင်လှုပ်ရသည့်အကြောင်းအရင်း၊ ပျက်စီးနိုင်မှုအခြေအနေနှင့် နောက်တက်တွဲဖြစ်ပေါ်နိုင်သည့်ဆိုးကျိုးများ၊ ငလျင်မလှုပ်မီလုပ်ဆောင်ရမည့်နည်းလမ်းများ၊ ငလျင်လှုပ်နေစဉ် ဘေးကင်းစွာ‌နေထိုင်နည်း၊ အရေးပေါ်ပစ္စည်းများပြင်ဆင်ထားရှိရေး စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။


ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ငလျင်လှုပ်နေစဉ်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ငလျင်လှုပ်ပြီးပြိုကျနေသည့် အဆောက်အဦးအတွင်း လူနာကယ်ထုတ်ခြင်း၊ ဆေးကုမှုခံယူခြင်းနှင့် မီးငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြသကြသည်။


အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဌာန ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ တက်ရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။


မျိုးဝင်းညို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)