အီရန်မှာနေတဲ့ လူတွေ အကုန်ထွက်ပြေးနိုင်ရင် ထွက်ပြေးကြလို့ ထရမ့် သတိပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အီရန်မှာနေတဲ့ လူတွေ အကုန်ထွက်ပြေးနိုင်ရင် ထွက်ပြေးကြလို့ ထရမ့် သတိပေး


ဇွန် - ၁၇ ( အင်္ဂါနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေတဲ့စစ်ပွဲကြားထဲမှာ အမေရိကန်အနေနဲ့ ကြားဝင်စွက်ဖက်ခြင်း ရှိ၊ မရှိ ကို အတည်ပြုပြောကြားခြင်းမရှိဘဲ လူတိုင်းကို အီရန်နိုင်ငံမှ အမြန်ဆုံး ထွက်ခွာရန် တိုက်တွန်းတဲ့ လျှို့ဝှက်သော သတိပေးချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ 

အနောက်ဂျေရုဆလင်သည် အီရန်နျူကလီးယားနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ပြီးခဲ့တဲ့ သောကြာနေ့က ဗုံးကြဲပြီးနောက်၂နိုင်ငံ အပြန်အလှန် တိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။ အီရန်က အစ္စရေးရဲ့  လေကြောင်းတိုက်ခိုက်မှုများကို ပဲ့ထိန်းဒုံးကျည်များစွာဖြင့် လက်တုံ့ပြန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 

ထရမ့်က သူ့ရဲ့ အိတ်စ်မီဒီယာ အကောင့်မှာ "ကျနော်က အီရန်ကို နျူ့လက်နက်တွေ မထုတ်လုပ်ဖို့အတွက် ဆွေးနွေးနေပါတယ်။ ၅ကြိမ်တိတိ ဆွေးနွေးနေတာ အဖြေတစ်စုံတစ်ရာမရခဲ့ပါဘူး။ သူတို့တွေက ဆွေးနွေးပွဲတွေလုပ်ပြီး အချိန်တွေ ဆွဲနေခဲ့ပါတယ်။ အီရန်က နျူ့လက်နက် မထုတ်ပါဘူးဆိုတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးသင့်တယ်။ အခုတော့ အသက်တွေကို ဖြုန်းတီးရာ ကျသွားတာပေါ့ဗျာ" လို့ ရေးတင်ခဲ့ပါတယ်။ 

အီရန်နိုင်ငံမှာနေထိုင်တဲ့ သူတွေကို သူက မြို့တော် တီဟီရန်ကနေ အမြန်ရွှေ့ပြောင်းသွားသင့်ကြောင်း သတိပေးလိုက်ပါတယ်။ ဒါပေမဲ့ သူက ဘယ်ကိုသွားရမယ်ဆိုတာကိုတော့ မပြောပါဘူး။ အစောပိုင်းတုန်းကတော့ ထရမ့်က အမေရိကန်သည် "အစ္စရေးက အီရန်ကို တိုက်ခိုက်လာရင် အမေရိကန်အနေနဲ့ ဘာမှမတတ်နိုင်ဘူး" လို့ ပြောခဲ့ပါတယ်။  ဒါပေမဲ့ ဒေသတွင်းရှိ အမေရိကန်ပိုင်ဆိုင်မှုများကို အီရန်က ပစ်မှတ်ထားလာခဲ့ရင်တော့ "တစ်ခါမှ မမြင်ဖူးသောအဆင့်" နဲ့ လက်တုံ့ပြန်မယ်လို့ သတိပေးခဲ့ပါတယ်။ သူသည် အမေရိကန်စစ်တပ်တွင် ပါဝင်ပတ်သက်မှုကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားရန် ငြင်းဆိုခဲ့ပြီး တနင်္လာနေ့က စာနယ်ဇင်း ရှင်းလင်းပွဲမှာ  သတင်းထောက်များအား "ကျွန်တော် ဒီကိစ္စကို မပြောချင်ပါဘူး" လို့ ပြောသွားပါတယ်။

 

REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)