သင်္ကန်းကျွန်း၊ ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းခရိုင်၊ သင်္ကန်းကျွန်း မြို့နယ်တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ ကြီးမှူးကျင်းပသော ၂၀၂၅ခုနှစ် ၊ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၈) ကြိမ် မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမ၀င် ရောင်း၀ယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းအသိပညာပေး ဟောပြာခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သပြေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ သင်္ကန်းကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးက အမှာစကားပြောကြားခဲ့ပြီးမြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ၀ဏ္ဏကျော်ထင် ဦးစိုး၀င်း ရဲချုပ်(ငြိမ်း)က အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှု နှင့် တရားမ၀င် ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း နှင့် မြန်မာနိုင်ငံသို့ မူးယစ် ဆေးဝါး အမျိုးမျိုးစတင် ရောက်ရှိလာပုံများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန် အရှေ့ပိုင်းခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ဇာဇာထွန်းက လူငယ် နှင့် မူးယစ်ဆေးဝါး ပြသနာ အကြောင်း အကျယ်တ၀င့် အသိပညာပေး ဟော ပြောခဲ့ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ခွဲမှူး ဒုရဲမှူး မင်းမင်းထက်မှ မူးယစ် ဆေးဝါး ဥပဒေ ၊ နည်းဥပဒေ ၊ ပြစ်မှု ၊ပြစ်ဒဏ်များအားစသည့်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ မူးယစ် ဆေးဝါး ဆန့်ကျင်ရေး အသင်း(ဗဟို) အလုပ်အမှုဆောင် ဒေါ် အေးအေးအောင် က "ယနေ့ လူငယ်နောင်၀ယ် လူကြီးအမျှော်အမြင်ကြီးမှ ဘ၀လှပ" အကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး အမှတ်(၁) အ ခြေခံပညာ အထက်တန်း ကျောင်းအုပ်ဆရာမကြီးဒေါ်စမ်းစမ်းမြင့်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ယင်းနောက် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ၀ဏ္ဏကျော်ထင် ဦးစိုး၀င်း ရဲချုပ်(ငြိမ်း)က ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသို့ သုတ၊ရသ စာအုပ် စာစောင်များအား ပေးအပ်လှူဒါန်းရာ ရန်ကုန် အရှေ့ပိုင်းခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ဇာဇာထွန်းက လက်ခံရယူခဲ့ပြီး ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ် ဗီနိုင်း၊ ပိုစတာများ၊ သုတ ၊ရသ စာအုပ်၊စာစောင်များအား အခမ်းအနားသို့ တက်ရောက်လာသူများက လှည့်လည်ကြည့်ရှုအား ပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ၀ဏ္ဏကျော်ထင် ဦးစိုး၀င်း ရဲချုပ်(ငြိမ်း)၊ ရန်ကုန် အရှေ့ပိုင်းခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်း ၊ သင်္ကန်းကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုး နှင့် အဖွဲ့၀င်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ မိခင် နှင့် ကလေး စောင့်ရှောက်ရေးအသင်း ၊ အမျိုးသမီးရေးရာ အဖွဲ့၀င်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ ကျောင်း အုပ်ဆရာမကြီးနှင့် ဆရာ ၊ဆရာမများ ၊ ကျောင်းသား ၊ကျောင်းသူများ စုစုပေါင်း အင်အား ၂၀၀ ခန့် တက်ရောက်ခဲ့ကြ ကြောင်းသိရသည်
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment