အစ္စရေးက အီရန် အစိုးရပိုင် အသံလွှင့်ရုံကို ဗုံးကျဲတိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစ္စရေးက အီရန် အစိုးရပိုင် အသံလွှင့်ရုံကို ဗုံးကျဲတိုက်ခိုက်


ဇွန် - ၁၇ ( အင်္ဂါနေ့ ) 

အစ္စရေးစစ်တပ်က  အီရန်နိုင်ငံ ကို လေးကြောင်းကနေ စီးနင်းတိုက်ခိုက်မှု တစ်စိတ်တစ်ပိုင်း တစ်ရပ်အနေနဲ့ နိုင်ငံပိုင် ရုပ်သံလွှင့်ဌာန (IRINN) ဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ အပျက်အစီးများရှိနေ သော်လည်း ရုံးခန်းက ဆက်လက်လည်ပတ်နေကြောင်း အီရန်မီဒီယာများက ဖော်ပြခဲ့ပါတယ်။ 

ဆိုရှယ်မီဒီယာတွေမှာ မျှဝေထားတဲ့ ရုပ်သံတွေမှာကတော့ IRINN မှ သတင်းကြေညာသူ အမျိုးသမီး တစ်ဦး  တိုက်ရိုက်ထုတ်လွှင့်နေချိန် မှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာကို ပြသနေပါတယ်။ ပေါက်ကွဲသံကြားပြီးနောက် အခန်းတွင်းရှိ မီးများ မပိတ်မီတွင် ဖုန်မှုန့်များနှင့် အပျက်အစီး အပိုင်းအစလေးများ လေထဲတွင် ပျံဝဲနေသည်ကို မြင်တွေ့ရပါတယ်။

အီရန်အသံလွှင့်အေဂျင်စီ (IRIB) မှ လုပ်ဆောင်နေသည့် IRINN ၏ နိုင်ငံရေးရေးရာရုံးကို အနည်းဆုံး ဗုံးလေးလုံးထိမှန်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာက ဖော်ပြပါတယ်။ အခင်းဖြစ်ပွားရာနေရာမှ ဓာတ်ပုံများနှင့် ဗီဒီယိုများတွင် မီးလောင်နေသော အဆောက်အအုံ၏ အပေါ်ဘက်တွင် ထူထဲသော အနက်ရောင် မီးခိုးငွေ့များ ထွက်ပေါ်လာသည်ကို တွေ့ရပါတယ်။ 

လေကြောင်းတိုက်ခိုက်မှု ပြီးနောက် မိနစ်ပိုင်းအကြာတွင် အဆိုပါထုတ်လွှင့်မှုကို ပြန်လည်စတင်ရန် IRIB က ပြုလုပ်နိုင်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် လူပေါင်း မည်မျှ ထိခိုက်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သတင်းဌာနမှ အမျိုးသမီးတစ်ဦးက သတင်းတင်ဆက်ဖို့ကို ပြန်လည်းကြိုးစားနေပါတယ်။ သူမက ကမ္ဘာ မီဒီယာလောကကို သတင်းဌာန တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဘာဖြစ်လို့ အသံဆိတ်နေတာလဲဆိုပြီး မေးခွန်းတွေထုတ်နေပါတယ်။ 

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ကတော့ အီရန် အသံလွှင့်ရုံကို တိုက်ခိုက်ရတာက အရပ်သားပစ်မှတ်ကို တိုက်ခိုက်တာမဟုတ်ကြောင်း၊ အဲ့ဒိ အသံလွှင့်ရုံက အီရန် စစ်တပ်ရဲ့ ဝါဒဖြန့်ဖြူးရာ အရပ်ဖက် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ အဲ့ဒါကြောင့် အသံလွှင့်ရုံကို တိုက်ခိုက်ရတာဖြစ်ကြောင်း ပြောသွားပါတယ်။  

အစ္စရေး ကာကွယ်ရေး ဝန်ကြီး အစ္စရေးကတ်ဇ် ရဲ့ အဆိုအရ အဆိုပါ အသံလွှင့်ဌာနသည် တိုက်ခိုက်မှုအတွင်း အထူးပစ်မှတ်ထားခံခဲ့ရကြောင်း သိရပါတယ်။ “အီရန်ရဲ့ ဝါဒဖြန့်မှုနဲ့ လှုံ့ဆော်မှု အာဘော်တွေ ပျောက်ကွယ်သွားပါပြီ”လို့ သူက တိုက်ခိုက်မှု မလုပ်ခင်မှာ ဂျေရုစလင်ပို့စ် သတင်းဌာနနဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)