ရွှေတောင်၊ ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီပါ အဖွဲ့ဝင်များ မှ ယမန်နေ့ နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရွှေတောင်မြို့နယ်၊ နွားခြံကုန်းကျေးရွာအုပ်စု၊ ရှမ်းကုန်းကျေးရွာ၊ ကွင်းအမှတ် ( ၄၅၉A)၊ ရှမ်းကုန်းကွင်းအတွင်းတောင်သူ (၆၀) ဦးမှမြေပဲ ( ဆင်းပဒေသာ- ၁၁) မျိုးတစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးထားရှိသည့် (၉၈) ဧကအတွင်းပဲစဉ်းငုံ သီးညှပ်( ၁၅) ဧက စိုက်ပျိုးထားမှု အခြေအနေများတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ စစ်ဆေးရာသို့ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ရာ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ဆောင်ရွက်ထားရှိမှုများအပေါ် ရှင်းလင်းတင်ပြခဲ့ရာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment