ဇွန် - ၁၃
ဆာလောင်မွတ်သိပ်နေတဲ့ တောဆင်တစ်ကောင်ဟာ တနင်္လာနေ့က ထိုင်းနိုင်ငံက အမျိုးသားဥယျာဉ်တစ်ခုကနေ လမ်းလျှောက်ထွက်ပြီး ကုန်စုံဆိုင်တစ်ခုထဲကို ဝင်ပြီး အစာရှာလို့ ဆိုင်ပျက်သွားခဲ့ရပါတယ်။
အွန်လိုင်းပေါ်က ဗီဒီယိုတစ်ခုမှာ ထိုင်းအရှေ့မြောက်ပိုင်း ခေါင်ယိုင်အမျိုးသားဥယျာဉ်အနီး လမ်းမကြီးဘေးတွင်ရှိသော ပလတ်ဘန်းလက်ဟုခေါ်သော ဆင်အထီးကြီးသည် ဆိုင်ရှေ့တွင် ခေတ္တရပ်ပြီးနောက် ဆိုင်ထဲကို ဝင်သွားတာကို ပြသခဲ့ပါတယ်။
ဆင်သည် ဆိုင်၏ကောင်တာရှေ့တွင် ရပ်ကာ သရေစာနဲ့ မုန့်များကို များကို အေးအေးဆေးဆေး လုယူစားသောက်ခဲ့ပါတယ်။ အမျိုးသားပန်းခြံမှ အလုပ်သမားများက သူ့ကို ဖယ်ထုတ်ရန် ကြိုးစားပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး ။ နောက်ပိုင်းမှာ ဆင်က ဆိုင်ထဲက မုန့်တွေပါတဲ့ အိတ်တစ်လုံးကို နှာမောင်းနဲ့ ပတ်ပြီး ကျောခိုင်းသွားခဲ့ပါတယ်။ ဆိုင် ကြမ်းပြင်နှင့် မျက်နှာကျက်မှလွဲပြီး ကျန်တဲ့ အရာတွေ အကုန်ပျက်စီးသွားခဲ့ပါတယ်။
အဆာပြေစားပြီးနောက် ဆင်သည် မည်သူ့ကိုမျှ မထိခိုက်စေဘဲ ထွက်ခွာသွားခဲ့ကြောင်း ခမ်းပလိုင် က ပြောပါတယ်။ အသက် ၃၀ ခန့်ရှိ ပလိုင်းဘန်းလက် ဆင် နဲ့ ရင်းနှီးသော စေတနာ့ဝန်ထမ်း ဥယျာဉ်လုပ်သား ဒါနီ စွတ်ခန်သာချက် အပြောအရ အဲ့ဒိဆင် က ထိုဒေသနဲ့ ရင်းနှီးနေပြီး အစာရှာရန် လူနေအိမ်များသို့ ဝင်ရောက်လာတတ်တယ်လို့ လူသိများပါတယ် လို့ ဆိုပါတယ်။ အခုကုန်စုံဆိုင်ကတော့ ပလိုင်ဘန်းလက် ပထမဆုံးသွားတွေ့တာပဲ လို့ပြောပါတယ်။
ဆိုင်ရှင် ခမ်းပလိုင်ကာကာယူ ကတော့ ရီရီမောမောနဲ့ပဲ “ ကျမတို့ဆိုင်ကို စောစောစီးစီး ဈေးလာဝယ်သွားတယ် ။ ထမင်းထုတ် ၉ ထုတ် ၊ အသားညှပ်ပေါင်မုန့် နဲ့ ငှက်ပျောသီးခြောက်တွေ လာဝယ်စားသွားတယ်။ မနက်စာ စားလို့ ဝတော့ ခပ်တည်တည်ပဲ ပြန်သွားတယ် ။ ဒါတောင် ကောင်းကောင်း မပြန်ဘူး ဘေးအိမ်က အိပ်ခန်းပြတင်ပေါက်ကိုတောင် ဖွင့်သွားသေးတယ် ” လို့ ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ ပြောပါတယ်။
REF: AP
https://t.me/MyanmarNationalPost
No comments:
Post a Comment