ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဇေယျာသီရိမြို့နယ် သာစည်ကျေးရွာအုပ်စုမှ ပါတီဝင်များနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဇေယျာသီရိမြို့နယ် သာစည်ကျေးရွာအုပ်စုမှ ပါတီဝင်များနှင့် တွေ့ဆုံ












နေပြည်တော်၊ ဇွန် ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ပါတီအကြီးအကဲများသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၀ ၀၀ နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ သာစည်ကျေးရွာအုပ်စု အောင်သာကျေးရွာတွင်ပြုလုပ်သော သာစည်ကျေးရွာ၊ အောင်သာကျေးရွာ၊ မြဂနိုင်ကျေးရွာ၊  ဗောဓိမြိုင်ကျေးရွာများမှ ပါတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစီအစဉ်အရ  ပါတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိမ်းတို့မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ ပါတီ၏လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်နေမှုများ၊ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့်ကိစ္စရပ်များအား အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများမှ ၎င်းတို့သိရှိလိုသည်များအား တင်ပြမေးမြန်းရာ ပါတီဥက္ကဋ္ဌမှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး နေ့လည် ၁၁၂၀ အချိန်တွင် တွေ့ဆုံပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့သည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိမ်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးလှဆွေနှင့် ကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ပါတီတာဝန်ရှိသူများ၊ သာစည်ကျေးရွာအုပ်စုမှ ပါတီဝင် (၂၅၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)