KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမား များက ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာအနီး အရပ်ဘက်မော်တော်ယာဉ်တစ်စီးအား မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၄ ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမား များက ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာအနီး အရပ်ဘက်မော်တော်ယာဉ်တစ်စီးအား မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၄ ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိ








နေပြည်တော်၊ ဇွန် ၁၃

အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဉပဒေ စိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်နှင့် ခရီးသွားပြည်သူများ ထိခိုက်စေရန် ရည်ရွယ်၍ လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ဌာနဆိုင်ရာ အဆောက်အဉီ များနှင့် လူနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက် ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ရေးနှင့်မသက်ဆိုင်သော အေးချမ်းစွာ သွားလာလျက်ရှိသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ယာဉ်များနှင့် အရပ်ယာဉ်များကိုလည်း နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခြင်းများ၊ မိုင်းထောင် ဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇွန် ၁၂ ရက် နံနက် ၉ နာရီခွဲခန့်တွင် မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့မှ ကျိုက်ထိုမြို့ဘက်သို့ ထွက်ခွာလာသည့် ယာဉ်မောင်း မျိုးမင်းခန့် မောင်းနှင်ပြီး ခရီးသွားပြည်သူအမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ စီးနင်းလိုက်ပါလာသော WISH အမျိုးအစား မော်တော်ယာဉ်အား ဘိုက္ကားကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်း၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အပြစ်မဲ့ပြည်သူ ၄ ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား တာဝန်ရှိသူများက ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ဖျက်မီဒီယာများက တပ်မတော်ယာဉ် တန်းအား မိုင်းဆွဲတိုက်ခိုက်စဉ် အရပ်သားများလိုက်ပါလာသည့် မော်တော်ယာဉ် ၁ စီး အား မိုင်းစထိမှန်ခဲ့ပြီး အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန် ဝါဒဖြန့် သတင်းထုတ်ပြန်မှုများရှိနေသည်ကို တွေ့ရှိရသည်။ အကြမ်းဖက်သမားများ အနေဖြင့် အများပြည်သူ သွားလာနေသည့်လမ်းများပေါ်တွင် လက်လုပ်မိုင်းမျိုးစုံ ထောင်ခြင်း၊ အဝေးမှမိုင်းဆွဲတိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ မကြာ ခဏပြုလုပ် လျက်ရှိသဖြင့် အပြစ်မဲ့ပြည်သူများ မကြာခဏထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိ မှုများ ဖြစ်ပေါ်လျက်ရှိသည်။

သို့ဖြစ်၍ ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစွာ ခရီးသွားလာနိုင်ရေးအတွက် ဖြစ်စဉ်ဖြစ်ပွားရာ လမ်းကြောင်းတစ်လျှောက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်း လင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)