ဇွန် - ၆ ( သောကြာနေ့ )
အမေရိကန်နှင့် အစ္စရေးတို့အပေါ် “တရားမဝင် ၊ အခြေအမြစ်မရှိသော လုပ်ရပ်များ”လုပ်ကိုင်နေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) တရားသူကြီး လေးဦးအား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်က ကြေညာခဲ့ပါတယ်။
ICC ၏ တရားစီရင်ပိုင်ခွင့်ကို လက်ရှိတွင် နိုင်ငံပေါင်း ၁၂၃ နိုင်ငံမှ အသိအမှတ်ပြုထားပါတယ်။ ရောမသဘောတူညီချက်ကို လက်မှတ် မရေးထိုးထားသည့် နိုင်ငံများထဲတွင် အမေရိကန်၊ ရုရှား၊ တရုတ်နှင့် အစ္စရေးတို့ ပါဝင်ပါတယ်။ တရားရုံးတွင် ၎င်း၏ကိုယ်ပိုင်ရဲအင်အားမရှိသည့်အပြင် သံသယရှိသူများကို ဖမ်းဆီး၍ လွှဲပြောင်းရန် အဖွဲ့ဝင်နိုင်ငံများအပေါ် မှီခိုနေရပါတယ်။ ဒီနှစ် ဖေဖေါ်ဝါရီလကတည်းက အမေရိကန် အစိုးရသည် ICC နှင့် ၎င်း၏ ထိပ်တန်း အစိုးရရှေ့နေ ကာရင်ခန် ကို အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟု နဲ့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဟောင်း ယိုအက်ဗ်ဂေါ်လန် တို့ကို ဖမ်းဝရမ်း ထုတ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုတွေ စတင်လုပ်ခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မာကိုရူဘီယို က ကြာသပတေးနေ့ကကြေညာခဲ့တဲ့ ပိတ်ဆို့အရေးယူမှု အသစ်မှာ ယူဂန်ဒါတရားသူကြီး ဆိုလိုမီ ဘော့စာ ၊ ပီရူးတရားသူကြီး လုဇ်ဒယ်ကာမန်အိုင်ဘန်နက်ဇ် ဘီနင် တရားသူကြီး ရီနီအဒယ်လေဒယ်ဆိုဖီအလာပီနီဂန်ဆူး နှင့် စလိုဗေးနီးယား တရားသူကြီး ဘီတီဟော့လာ တို့ကို ပစ်မှတ်ထား ခဲ့ပါတယ်လို့ ဆိုပါတယ်။
ရူဘီယိုက ICC ရဲ့ လုပ်ရပ်တွေက "နိုင်ငံရေးဆန်တယ်"လို့ စွပ်စွဲပြီး အမေရိကန် နိုင်ငံသားများနှင့် ဝါရှင်တန်၏ မဟာမိတ်များအား စုံစမ်းစစ်ဆေးရန် နဲ့ စွဲချက်တင်ပြီး တရားစွဲဆိုရန်ဆိုတဲ့ အခွင့်အာဏာကို လွဲမှားစွာ သုံးစွဲနေတယ် ၊ အန္တရာယ်ရှိတဲ့ အာဏါအလွဲသုံးစွဲမှုကြီးလို့ တံဆိပ်ကပ်လိုက်ပါတယ်။
ကြေညာချက်အရ တရားသူကြီးလေးဦးသည် အမေရိကန်ဘဏ္ဍာရေးစနစ်သို့ ၎င်းတို့၏ ဝင်ရောက်ခွင့်ကို ကန့်သတ်ထားပြီး နိုင်ငံတကာငွေပေးငွေယူများကို ရှုပ်ထွေးစေသည့် လုပ်ပိုင်ခွင့်အမိန့် ၁၄၂၀၃ အရ ဒဏ်ခတ်အရေးယူထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment