နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ရှိ Minsk Tractor Works ထွန်စက် စက်ရုံနှင့် Slutsk Cheese Factory နို့မှုန့်စက်ရုံတို့သို့ သွားရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ရှိ Minsk Tractor Works ထွန်စက် စက်ရုံနှင့် Slutsk Cheese Factory နို့မှုန့်စက်ရုံတို့သို့ သွားရောက်လေ့လာ








နေပြည်တော်၊ ဇွန် ၂၇

ဘယ်လာရုစ်သမ္မတနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မင့်စ်မြို့ရှိ Minsk Tractor Works ထွန်စက် စက်ရုံနှင့် Slutsk Cheese Factory နို့မှုန့်စက်ရုံတို့သို့ သွားရောက် လေ့လာကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် Minsk Tractor Works ထွန်စက် စက်ရုံသို့ ရောက်ရှိကြရာ ဘယ်လာရုစ် သမ္မတနိုင်ငံ၊ စက်မှုဝန်ကြီးဌာနဝန်ကြီး Mr. Efimov A.V. နှင့် စက်ရုံညွှန်ကြားရေးမှူး ချုပ် Mr. Avramenko S.A. တို့က ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် စိုက်ပျိုးရေးလုပ်ငန်းသုံး လယ်ယာမြေ ပြုပြင်ထွန်ယက်ရာတွင် အသုံးပြုသည့်ယာဉ်များ၊ စိုက်ပျိုးရာတွင် အသုံးပြုသည့်ယာဉ်များ၊ ပြုစုပျိုးထောင်ခြင်းနှင့် သွင်းအားစုများ ထည့်သွင်းရာတွင် အသုံးပြုသည့်ယာဉ်များ၊ မမျှော်မှန်းနိုင်သည့် သဘာဝဘေးကျရောက်မှုနှင့် မီးငြိမ်း သတ်မှုတို့တွင် အသုံးပြုသည့်ယာဉ်များ၊ စိုက်ပျိုးရေးထွက်ကုန်များအား ဈေးကွက် အတွင်းသို့ ပို့ဆောင်ဖြန့်ချိရာတွင် အသုံးပြုသည့်ယာဉ်များ၊ ယန္တရားများအား စိတ်ပါ ဝင်စားစွာဖြင့် လိုက်လံကြည့်ရှု လေ့လာခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Minsk Tractor Works ထွန်စက် စက်ရုံအတွင်း ထွန်စက်များ တပ်ဆင်ထုတ်လုပ်နေမှုအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြပြီး တာဝန်ရှိသူ များ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ဘယ်လာရုစ် သမ္မတနိုင်ငံ၊ စက်မှုဝန်ကြီးဌာနဝန်ကြီးနှင့် အဖွဲ့ဝင်များ သည် စက်ရုံအစည်းအဝေးခန်းမအတွင်းတွေ့ဆုံ၍ ဘယ်လာရုစ် နိုင်ငံ၊ စက်မှုဝန်ကြီး ဌာနအောက်ရှိ အကြီးစားစက်မှုပစ္စည်းထုတ် စက်ရုံ၊ အလုပ်ရုံများမှ စိုက်ပျိုးရေး လုပ်ငန်းသုံးစက်ကိရိယာများ၊ ယာဉ်ယန္တရားများ ထုတ်လုပ်လျက်ရှိမှုနှင့် ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရောင်းချရလျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ စက်မှုလယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများ၊ ယာဉ်ယန္တရား များထုတ်လုပ်ရေးတွင် နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် သည် Minsk Tractor Works ထွန်စက် စက်ရုံ ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် သည် စက်ရုံပြခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ၊ စက်မှု ဝန်ကြီးဌာနဝန်ကြီး၊ စက်ရုံညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။

အဆိုပါ Minsk Tractor Works ထွန်စက် စက်ရုံကို ၁၉၄၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းသုံးထွန်စက်များထုတ်လုပ်သည့်စက်ရုံတစ်ခုဖြစ် ကြောင်း၊ ဝန်ထမ်းပေါင်း ၁၅,၃၇၇ ဦးခန့်ရှိသည့် စက်ရုံတစ်ခုဖြစ်ကာ ဘယ်လာရုစ်နိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းသုံးထွန်စက်များ ထုတ်လုပ်သည့်စက်ရုံများအနက် အဓိက အရေးပါသောစက်ရုံတစ်ခုဖြစ်ပြီး စက်ရုံမှ ထုတ်လုပ်သည့်ထွန်စက်များကို အနောက် ဥရောပနိုင်ငံများအပါအဝင် အာဆီယံနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်းသိရှိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Slutsk Cheese Factory နို့မှုန့်စက်ရုံသို့ ရောက်ရှိကြရာ ထုတ်လုပ်မှုဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Vitaly Gennadyevich Zlobin ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Ekaterina Sergeyevna Lapteva နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ထို့နောက် စက်ရုံအစည်းအဝေးခန်းမတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား ထုတ်လုပ်မှုဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် က စက်ရုံဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်နေ မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး စက်ရုံဆိုင်ရာ Video Clip ကိုပြသရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံထုတ်နို့နှင့်နို့ထွက် ပစ္စည်းများ၏ ဈေးကွက်ရရှိမှုအခြေအနေများ၊ အရည်အသွေးထိန်းသိမ်းခြင်းဆိုင်ရာ များနှင့်ပတ်သက်၍ သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ထုတ်လုပ်မှုဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် တို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

အဆိုပါ Slutsk ချိစ်နှင့် နို့ချက်စက်ရုံသည် နှစ်ပေါင်း ၄၀ ကျော်ကြာ ရပ်တည်နိုင် ခဲ့ပြီး Minsk မြို့သာမက ဘယ်လာရုစ်နိုင်ငံ၏အကြီးမားဆုံးသော နို့ချက်စက်ရုံတစ်ခု ဖြစ်ကြောင်း၊ ပင်မကုမ္ပဏီကြီး ၁ ခု၊ ရုံးခွဲ ၅ ခု၊ ထုတ်လုပ်မှုစက်ရုံ ၅ ရုံနှင့် စိုက်ပျိုးရေး မွေးမြူရေးခြံ ၃ ခုတို့ဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ စက်ရုံမှ တစ်ရက်လျှင် နွားနို့တန်ချိန် ၂၅၀ တန်၊ နို့မှုန့် ၁၅၀ တန်၊ နို့ထွက်ပစ္စည်း တန်ချိန် ၃,၀၀၀ ၊ ထောပတ် ၁၀၀ တန်နှင့် ချိစ် ၁၀၀ တန်တို့ထွက်ရှိပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)