ပခုက္ကူမြို့နယ်အတွင်း အများပြည်သူ သွားလာအသုံးပြုနေသည့် လမ်းများပေါ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းများအား ဖယ်ရှားရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့နယ်အတွင်း အများပြည်သူ သွားလာအသုံးပြုနေသည့် လမ်းများပေါ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းများအား ဖယ်ရှားရှင်းလင်း




နေပြည်တော်၊ ဇွန် ၁

PDF အမည်ခံအကြမ်းဖက်သမားများသည် အများပြည်သူများ အထိတ် တလန့်ဖြစ်စေရန်၊ ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက်နေမှုများကို နှောင့်ယှက် ရန်၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ အခက်အခဲများ ဖြစ်ပေါ် စေရန်နှင့် အကြောက်တရားများ ပိုမိုဖြစ်ပေါ်စေရန် ရည်ရွယ်၍ မြို့၊ ရွာ၊ ရပ်ကွက်၊ ကျေးရွာများ၊ လမ်း၊ တံတားများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများကို လုပ်ဆောင် လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ နယ်အတွင်းရှိ အများပြည်သူများ သွားလာအသုံးပြုလျက်ရှိသည့် လမ်းများပေါ်၌ လက်လုပ်မိုင်းများ တွေ့ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံ ပြည်သူများ၏ သတင်းပေးမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ကားလမ်းမဘေးတစ်လျှောက်တွင် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း(ပေပါမိုင်း၊ ရှေ့ထွက်မိုင်း)များအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး အတွက် စနစ်တကျဖယ်ရှား ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများ၏ ယခုကဲ့သို့ ပြည်သူများအပေါ် ထိခိုက် ပျက်စီးဒဏ်ရာရရှိစေရန် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များ အပေါ် ပြည်သူလူထုက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချလျက် ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောလုံခြုံရေးလုပ်ငန်းစဉ် များအား တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)